spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲမရှိသည့် ကမ်းနီရွာကို မြန်မာစစ်တပ် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၆ ဦး သေဆုံး၊ ၁၇ ဦးထက်မနည်း ဒဏ်ရာရ

    တိုက်ပွဲမရှိသည့် ကမ်းနီရွာကို မြန်မာစစ်တပ် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၆ ဦး သေဆုံး၊ ၁၇ ဦးထက်မနည်း ဒဏ်ရာရ

    -

    ယနေ့ မဟာသကြႅန်အကြပ်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကမ်းနီကျေးရွာကို မြန်မာစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

    ယနေ့ ဧပြီလ ၁၅ ရက်၊ နေ့လည်ပိုင်း ၁၂း၂၇ မိနစ်အချိန်ခန့်တွင် ဂျက်ဖိုက်တာတိုက်လေယာဥ် တစ်စင်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကမ်းနီကျေးရွာ ရာမညနိကာယ မဟာဝိဟာရဘုန်းကြီး ကျောင်းကို ဦးတည်ပြီး ပေါင် ၅၀၀ ဗုံး ၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၂ နှစ်ကျော် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ကမ်းနီးရွာဘုန်းကြီးကျောင်းက ရှင်သာမဏေ ၁၀ ပါးနှင့် ပြည်သူ ၇ ဦးတို့ ထိခိုက် ဒဏ်ရာများရရှိခဲ့သည်ဟု ဆိုသည်။

    “ဒီရွာ ဘယ်လက်နက်ကိုင်အဖွဲ့ကမှ လှုပ်ရှားနေတာမျိုး မတွေ့ရဘူး၊ ဒီနေ့တိုက်ပွဲဖြစ်နေတဲ့ ကျုံဒို-ကော့ကရိတ်လမ်းပိုင်းနဲ့ဆို ၇ မိုင်လောက် ဝေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    မြန်မာစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများတွင် အသက် ၂ နှစ်ကျော်နှင့် ၃ နှစ်ကျော်အရွယ် ကလေးငယ် ၂ ဦး၊ အသက် ၉ နှစ်အရွယ် ယောကျႅားလေး ၁ ဦး၊ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး၊ အသက် ၃၄ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၇၆ နှစ်အရွယ် သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး စုစုပေါင်း ၆ ဦး ပါဝင်သည်။

    “ကလေးငယ် ၂ ယောက်ကဆို အပိုင်းပိုင်းတွေဖြစ်သွားတယ်” ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks