Homeသတင်းဖာပွန်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး ဒဏ်ရာရ

ဖာပွန်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး ဒဏ်ရာရ

-

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်) လူသောမြို့နယ်၊ လယ်မူပလော ကျေးရွာအုပ်စု၊ ဘလယ်ဝေါ်ကျေးရွာနှင့် ထီးသဲကရူကျေးရွာတွင် စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။

ဧပြီလ ၈ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်ခန့်က ဘလယ်ဝေါ်ကျေးရွာနှင့် ထီးသဲကရူကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၂ လုံး ကြဲချခဲ့သည်ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘလယ်ဝေါ်ကျေးရွာနေ အသက် ၃၉ နှစ်အရွယ် စောပါနာမူးနှင့် စောဒေးစိတို့ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။

၎င်းပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ စိုးရိမ်ကြောက်ရွံ့နေကြသည်ဟုလည်း ဆိုသည်။

စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စေတီပုထိုးများနှင့် ပြည်သူပိုင်နေအိမ်များကို ပစ်မှတ်ထားကာ လက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း လုပ်ဆောင်နေသည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts