spot_img
Saturday, September 13, 2025
More
    spot_img
    Homeမေးမြန်းချက်"အခြေအနေတွေက ရက်ရှည်ကြာလာမယ်ဆိုတာ သိပါတယ်၊ Dead Body ရဲ့ အနံ့အသက်တွေက ပိုဆိုးလာတယ်၊ ရောဂါပိုးမွှားအတွက် ကျွန်တော်တို့ကိုယ့်ကိုယ်ကို save ဖြစ်အောင်...

    "အခြေအနေတွေက ရက်ရှည်ကြာလာမယ်ဆိုတာ သိပါတယ်၊ Dead Body ရဲ့ အနံ့အသက်တွေက ပိုဆိုးလာတယ်၊ ရောဂါပိုးမွှားအတွက် ကျွန်တော်တို့ကိုယ့်ကိုယ်ကို save ဖြစ်အောင် အရင်လုပ်ရတယ်၊ ရာသီဥတုလည်း ပူပြင်းတော့ လူပင်ပန်းကြတယ်"မွန်ပြည်နယ်မှ ငလျင်ဘေးသင့်ဒေသသို့ ကူညီကယ်ဆယ်နေသူတစ်ဦး

    -

    ပြင်းထန်ငလျင် လှုပ်ခတ်မှုဖြစ်ပွားခဲ့သည့် စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်တို့တွင် လက်ရှိ ၁၀ ရက်ကျော်ကြာလာသည်အထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေအလိုက် အရှိန်မြှင့်လုပ်ဆောင်လျှက်ရှိ ရက်ရှည်ကြာလာသည်နှင့်အမျှ ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုခက်ခဲလာကြောင်း ငလျင်ဘေးသင့်ဒေသသို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတို့မှ သိရသည်။

    အသက်ရှင်ကျန်ရစ်မှုနည်းပြီး သေဆုံးသူတို့၏ ရုပ်အလောင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်း အပျက်အစီးတို့ကို ရှင်းလင်းရေးလုပ်ဆောင်နေချိန်တွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူနှင့် အနီးတဝိုက်ရှိ ပြည်သူတို့အတွက် ကျန်းမာရေးဆိုင်ရာ ကာကွယ်မှုပိုမိုလိုအပ်လျှက်ရှိသည်။ 

    တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဧပြီ ၇ ရက်နေ့မနက်ပိုင်းအထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၆၀၀ နီးပါးနှင့် ပျောက်ဆုံးသူ ၁၀၀ ကျော်ရှိလာသည့်အပြင် ငလျင်လှုပ်ခတ်မှု နေ့စဉ်ဖြစ်ပွားလျှက်ရှိသည်။

    ငလျင်ဒဏ် နောက်ဆက်တွဲခံနေရသည့်အခြေအနေအပြင် ကူညီဆယ်ရေးလုပ်ငန်းလိုအပ်ချက်နှင့် ပတ်သတ်၍ မွန်ပြည်နယ်မှ မန္တလေးသို့ ငလျင်းဘေး ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားသည်။

    မေး။  ။ လက်ရှိ ဆရာတို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ မန္တ‌လေးမြို့ရဲ့ငလျင်ဘေးအခြေအနေ ဘယ်လိုရှိနေလဲ။

    “ငလျင်က နေ့တိုင်းလှုပ်ပါတယ် ၃.၄  လောက်ပဲဆိုတော့ သိပ်တော့ စိတ်ပူစရာမလိုပေမဲ့ Dead body ထုတ်တဲ့အချိန်တွေ့ဆို အန္တရာယ်တော့ ရှိတာပေါ့ ပြီး‌တော့ မန္တလေးကတော့ ပြောနေကြသလို အုပ်ပုံကြီးလိုပါပဲ တကယ်ဘေးဆိုးကြီးပါ။ လူအင်အားမလောက်တဲ့အထိပါ ။ အခုအချိန်ကတော့ တတ်နိုင်သလောက် ကူညီကယ်ထုပ်ပြီးသလောက်ရှိနေပါတယ် လူတွေ ကတော့ ညဆို လမ်းဘေး တမြို့လုံးထွက်အိပ်ကြရပါတယ်။ တကယ်အကူညီတွေလိုအပ်တဲ့နေရာများစွာလည်း ရှိနေပါတယ်။ ပြောပြမနိုင်တဲ့အခြေမျိုးဖြစ်နေပါတယ်” 

    မေး။  ။  နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုတွေရှိနေတော့ ကယ်ဆယ်ရေးလုပ်ငန်းကို ဘယ်လိုလုပ်ဆောင်နေရလဲ။

    “ငလျင်နေတိုင်းလှုပ်တဲ့အတွက် ကျွန်တော်တို့ကယ်ဆယ်ရေးလှုပ်နေတဲ့ အချိန်ကတော့ သတိကြီးကြီးထားပြီး လုပ်ဆောင်ရပါတယ် အထဲဝင်ကူတဲ့လူတွေ ဘေးကင်အောင်အပြင်မှာရှိတဲ့သူတွေက အဆက်မပြတ် စောင့်ကြည့်ပေးရတယ်။ လှုပ်ရှားမူရှိရင်တော့အချက် ပြချက်ပေးပြီး ချက်ခြင်းပြေးထွက်လုပ်ဆောင်ကြရတယ်၊ နေ့ဘက်ရောညဘက်ရောလှုပ်တယ် အခုတောင် လှုပ်သွားပါသေးတယ်” 

    မေး။  ။ ရက်ရှည်ကြာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်လာရတဲ့အပေါ် ဘယ်လိုအခက်အခဲတွေ ရှိလာပါသလဲ။

    “အခုခြေနေက ရက်ရှည် ဖြစ်မယ်ဆိုတာ ကယ်ဆယ်ရေးအများစုက ခန့်မှန်ထားပြီးသာပါ ဘာကြောင့်ဆို တစ်ချို့ပြိုကျတဲ့ အိမ်တွေဆို Dead body တွေက ထုတ်ရအရမ်းခက်ခဲတယ် ကျွန်တော်တို့နိုင်ငံက ကယ်ဆယ်ရေး သမားတွေရဲ့ ပစ္စည်းမစုံလင်တာလဲ ပါတာပေါ့ Dead bodyက အနံအသက်တွေ ပိုဆိုးလာတယ် ရောဂါပိုးပွားအန္တရယ်အတွက် Maskတွေ တက်ပြီး လုပ်ဆောင်ကြရတယ် အချိန်ပြည့်လိုလို Maskတပ်ရတယ် နေလဲပူ ချွေးကလဲထွက်တော့ လူပိုပင်ပန်းကြတယ်။ နိုင်ငံတကာလဲပါဝင်လာကြတော့ ပိုပြီး ဂရုတစိုက်ရှိကြတယ် ရက်ကြာလာတာနဲ့အမျှ လူ့ခနွကိုယ်က ပျက်စီးတဲ့အတွက် အနံအသက်တွေက  ဆိုးရွားပြီး ကယ်ထုတ်တဲ့သူတွေအတွက် အနံတွေ ဆွဲစေတယ် ဆေးပညာအရတော့ ရောဂါပိုးပွားတွေများစွာ ရှိနေတယ်။ ယဉ်ကောင်တွေ အရည်တွေများစွာ ထွက်နေတယ် ပတ်ဝန်းကျင် တခုလုံးကို ညစ်ညမ်းစေတယ် ပို့သက်ဆေးတွေ အဆက်မပြတ်ဖြန့်ပြီးလုပ်ဆောင်နေရတယ် ရှေ့ရက်တွေကတော့ အလောတကြီး ရှာဖွေကယ်ဆယ်ရပေမဲ့ အခုရက်ရှည်လာတာနဲ့အမျှတော့ ကျွန်တော်တို့အတွက် Saveဖြစ်အောင် လုပ်ဆောင်ပြီး စနစ်တကျ ဆယ်ထုတ်နေရပါတယ်”

    မေး။  ။ ကယ်ဆယ်ရေးလုပ်ငန်းအတွက်ရော ၊ ငလျင်ဒဏ်ခံလိုက်ရတဲ့သူတွေအတွက် ကူညီထောက်ပံ့ရေး ဘာတွေလိုအပ်နေလဲ။

    “အဓိက ကယ်ဆယ်ရေးအတွက်က ကယ်ဆယ်ရေး သုံးပစ္စည်းကိရိယာတွေ့ပေါ့ စက်တွေ မစုံလင်တော့လေ တော်တော်လေး ခက်ခဲဖြစ်နေတယ်၊ ဟိုနေ့ကလိုဖြစ်ပျက်‌ပေါ့ သူကလဲ ဟို့အောက်ထပ်မှာ ရှိနေတယ် တိုက်ဖျက်တဲ့စက်ကလဲအစုံမရှိ၊ ရှိတဲ့စက်နဲ့ ဖျက်ဖို့ခက်တယ် ‌ရမ်းပြီးလိုက်ဖျက်လိုလဲမရပြန်ဘူး တခြားသူတွေရှိနေရင် သူတို့ကိုထိသွားမှာလဲ စိုးရိမ်းရတယ်၊ ‌အဲလိုခြေနေပေါ့၊ ကယ်ဆယ်ရေး လုပ်တဲ့လူအတွက်ကတော့Save ဖြစ်ဖို့ ထိလိုက်ဒဏ်ရာမရစေဖိူ့ လက်အိပ် ဖိနပ်အထူတွေ အကျီလက်ရှည်တွေ ဦးထုပ်အမာတွေ၊ ငလျှင်လှုပ်တဲ့လူတွေအတွက်တော့ သောက်သုံးရေ၊ အိပ်ဖို့ခြင်ထောင်တွေရယ် အိပ်ယာဝင်ပစ္စည်း အဝတ်အစားအချို့၊ ဖျား၊ အိမ်ဖြိုချတဲ့နေရာမှာတွေဆို စက်ပစ္စည်းတွေအတွက် အသုံးစရိတ်တွေ လိုအပ်တယ်၊ တချို့လူတွေအတွက် အဆင်ပြေကြပေမဲ့ လုံးဝပျက်စီးသွားတဲ့လူတွေအတွက်တော့ ငွေကြေးအင်အားလည်းလိုအပ်ပါတယ်” ဟု ဆိုသည်။

    မေး။  ။ ဆရာတို့အနေနဲ့ ကူညီကယ်ဆယ်မှု ဘယ်လောက်ထိလုပ်ဆောင်ပြီးစီးခဲ့လဲ။

    “ကယ်ဆယ်ရေးသမားတွေရဲ့၊ ပစ္စည်းကိရိယာ စုံစုံလင်လင်ရှိလေ ကယ်ဆယ်ရေးအတွက်ထိထိရောက်ရောက် ပိုမို မြန်ဆန် ကူညီပေးနိုင်လေ ပေါ့၊ လုပ်ဆောင်ကူညီနေတဲ့ နေရာတွေကတော့ မန္တလေးတမြို့လုံး၊ စစ်ကိုင်းမြို့နဲ့ လူအင်အားများစွာ အဖွဲ့လိုက် သက်ဆိုင်ရာ ပရဟိတအဖွဲ့တွေ အတူလုပ်ဆောင်ကြတယ် ထိရောက်မှုကတော့ ဝင်ရောက်ကူညီနေတဲ့နေရာဆို မပြီးမချင်း အပြီးလုပ်ဆောင်ပေးတယ် တမြို့လုံး အနေထားနဲ့ဆိုတော့ မရောက်တဲ့ နေရာလည်း အနည်းငယ်ရှိနေပါတယ် တချို့နေရာတွေကတော့ စက်ယန္တယား အင်အားလိုအပ်တဲ့အတွက် အချိန်နောက်ဆုတ် ကူညီနေရတာမျိုးလည်း ရှိနေပါတယ်” ဟု ဆိုသည်။

    မေး။  ။ နောက်ဆုံးအနေနဲ့ တစ်နိုင်ငံလုံးကြုံနေရတဲ့ ငလျင်ကပ်ဘေးနဲ့ပတ်သတ်ပြီး ပြည်သူတွေကို ဘယ်လို message ပေး ပြောကြားချင်တာရှိလဲ။

    “ကျွန်တော်ငလျင်‌ဘေးနဲ့ပတ်သက်ပြီး ပြောချင်တဲ့စကားကတော့ မြန်မာနိုင်ငံသားတွေအားလုံးက ညီညွတ်ကြပါတယ်။ လူငယ်တွေ ပရဟိတအဖွဲ့အစည်းတွေလည်း ကိုယ့်အကျိုးကိုစွန့်ပြီး လာကူညီကြတယ် အနောက်တန်းက အလှူငွေ အင်အားတွေ တက်ညီလက်ညီ ကူညီနေကြတာမြင်တော့ တကယ်လုပ်ဆောင်နေတဲ့လူတွေအတွက် အင်အားဖြစ်တယ် သူတို့အလှုတွေကလည်း ထိရောက်မှုရှိတယ်။ နောက်ထပ် Onlineကနေ မလိုအပ်တဲ့စကားတွေ ပြောနေကြတဲ့လူတွေလည်း အများအပြားပါ Online မှာတင်တဲ့သတင်းတိုင်းက မမှန်နေပါဘူး တကယ်လိုအပ်လို့ တင်ကြတာလည်း အများကြီးပါ သေချာလေး စစ်ဆေးစေလိုပါတယ်။ လိုင်းပေါ်ကနေ စိတ်ဒက္ခပေးတဲ့ လူတွေလည်း မလိုအပ်ပဲ မလုပ်ကြပါနဲ့လို့ ပြောချင်ပါတယ်” 

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,800SubscribersSubscribe
    spot_img

    Latest posts