spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းသင်္ကြန်ကာလပိတ်ရက်အတွင်း ခွင့်ရက်ပေးထားသော်လည်း မြန်မာအလုပ်သမားတို့ နေရပ်မပြန်နိုင်

    သင်္ကြန်ကာလပိတ်ရက်အတွင်း ခွင့်ရက်ပေးထားသော်လည်း မြန်မာအလုပ်သမားတို့ နေရပ်မပြန်နိုင်

    -

    သင်္ကြန်အလုပ်ပိတ်ရက်ကာလများအတွင်း ဗီဇာအဝင်အထွက် တုံးထုစရာမလိုဘဲ နေရပ်ပြန် နိုင်သည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားဝင်ခွင့်ပြုပေးထားသော်လည်း မြန်မာရွေ့ပြောင်း အလုပ်သမားများ မပြန်နိုင်ကြကြောင်း ထိုင်းရောက်မြန်မာရွေ့ပြောင်းအလုပ်သမားတို့ထံမှ သိရသည်။

    မြန်မာအပါအဝင် ကမ္ဘောဒီးယားနှင့် လာအိုမှ ရွှေ့ပြောင်းအလုပ်သမားများ သင်္ကြန်အလုပ်ပိတ်ရက်အတွင်း နေရပ်ပြန်လိုပါက ဗီဇာအဝင်အထွက် တုံးထုစရာမလိုဘဲ နေရပ်ပြန်နိုင်သည်ဟု ထိုင်းနိုင်ငံ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှုမူဝါဒကော်မတီမှ မတ်လ ၁၁ ရက်နေ့က တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

    အဆိုပါဖြေလျှော့မှုကြောင့် အလုပ်သမားတို့အတွက် အထောက်အကူဖြစ်စေသော်လည်း လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအပြင် ထိုင်းအစိုးရမှ အလုပ်လုပ်ကိုင်ခွင့်စစ်ဆေးတင်းကြပ်နေသည့်အပေါ် အလုပ်သမားတို့ နေရပ်ပြန်ရန် စဉ်းစားဖွယ်ဖြစ်နေသည်။

    လူငယ်မြန်မာအလုပ်သမားတစ်ဦးက"ဒီဘက်ကခွင့်ပြုလို့ ပြန်လို့ရတယ်ပဲထားပါ။ မြန်မာနိုင်ငံဘက်ရောက်ရင်လည်း၊ မင်းအောင်လှိုင်ရဲ့ စစ်မှုထမ်း ဥပဒေကိုကြောက်ရသေးတယ်။ အခြေအနေတွေက ဘယ်လိုလာမှန်းမှမသိတာ။ အများစု မပြန်ရဲကြဘူး" အလုပ်လုပ်ကိုင်နေသည့် လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

    တစ်ဖက်တွင်လည်း ခွင့်ရက်နှင့်ပြန်လာသူတို့ ပြည်ပထွက်ခွာလျှင် OWIC ဟုခေါ်သည့် အလုပ်သမားသက်သေံကတ်ပြားကို အသစ်လျှောက်ထားရမည်ဟု မြန်မာအလုပ်သမားအရေးဌာနဘက်မှ မတ်လ လယ်ပိုင်းက ထုတ်ပြန်ထားသေးသဖြင့် နေရပ်ပြန်ရန် မဖြစ်နိုင်ကြောင်း ဆက်ပြောသည်။

    ဗီဇာအဝင်အထွက် တုံးထုစရာမလိုသည့် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ သတ်မှတ်ချက်သည် လာမည့် ဧပြီလ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိသာဖြစ်ပြီး၊ သတ်မှတ်ရက်ထက်ကျော်လွန်ပြီး ပြန်ဝင်မည့်သူတို့ ယခင် သတ်မှတ်ချက်အတိုင်း တုံးထုရမည်ဖြစ်သည်။

    ခွင့်ရက်အတွင်း နေရပ်ပြန်နေစဉ် အချိန်မှီပြန်လည်မဝင်ရောက်နိုင်ပါက တစ်ဖက်အလုပ်ရှင်မှ လစ်လတ်နေသည့်အလုပ်နေရာကို လူအစားသွားမည်ကိုလည်း အလုပ်သမားတို့ စိုးရိမ်နေရကြောင်း သိရသည်။

    “အိမ်ကတော့ပြန်ချင်တယ်လေ၊ ပြန်တုန်းကပြန်လို့ရပြီး။ ပြန်တက်လာမယ့်ချိန်ကြရင် မပေးတက်တော့ရင် ဘယ်လိုလုပ်မလဲ။ သူတို့ရဲ့အကြံတွေဘယ်လိုရှိနေမှန်းမှ မသိတာ၊ ယုံလည်းမယုံဘူး။ ပြန်လည်းမပြန်ဘူး”ဟု မြန်မာရွေ့ပြောင်းအလုပ်သမားလူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

    အထက်ပါအခြေအနေများကြောင့် ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် နေရပ်ပြန် လည်ပတ်ခြင်းကို သတိရှိကြရန်လည်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက တိုက်တွန်းနေကြသည်။

    ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း စစ်ကောင်စီမှ ပြည်ပအလုပ်သမားစေလွှတ်မှုအတွက် အလုပ်ခေါ်စာအသစ်တင်ရာတွင် နိုင်ငံအလိုက် လူဉ်ီးရေကန့်သတ်မှုတို့ကို မြန်မာအလုပ်သမားမှ ထုတ်ပြန်ထားသဖြင့် ပြည်ပထွက်ခွာမည့်အလုပ်သမားတို့ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးနေရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေ၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံကို မြန်မာလူငယ်အများအပြား အစုလိုက် အပြုံလိုက် ထွက်ခွာလာကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks