spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်သင်္ကြန်ပွဲ စည်ကားစေရန် လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည်

    မွန်ပြည်နယ်သင်္ကြန်ပွဲ စည်ကားစေရန် လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည်

    -

    မွန်ပြည်နယ်သင်္ကြန်ပွဲ ပိုမိုစည်ကားလာစေရန်အတွက် ဖျော်ဖြေရေးမဏ္ဍပ်တို့အပြင် လမ်းလျှောက်သင်္ကြန် အစီအစဉ်ပါထည့်သွင်းသွားရန် စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့တို့ စီစဉ်လျှက်ရှိကြောင်း သိရသည်။

    မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး လုပ်ငန်းကော်မတီ ၁၅ ရပ်ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ ဆိုသည်။

    စစ်မှူးထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသွားသည့် လူငယ်များသင်္ကြန်ကာလတွင် နေရပ်ပြန်ပါဝင်ဆင်နွှဲခြင်းမရှိသည့်အပြင် နယ်ကျော်သွားလာရန်မလုံခြုံမှုတို့ကြောင့် မြို့ပေါ်လူငယ်အချို့တို့သာ ပါဝင်ဆင်နွှဲကြမှာဖြစ်ကြောင်း မော်လမြိုင်မြိုခံတစ်ဦးက ပြောဆိုသည်။

    “မော်လမြိုင်မှာက မနှစ်ကစပြီးစည်အောင်လုပ်ကြတာပဲ၊ နယ်ကသူတွေလာဖို့သိပ်မရှိလောက်ဘူး၊ သင်္ကြန်ဆိုရင် အလည်ပြန်နေကျလူငယ်တွေလည်းမရှိသလောက်ပဲ၊ ကျန်တဲ့လူငယ်ဆိုမိန်းကလေးလောက်ပဲရှိမှာပါ၊ ဘုရားပွဲရှိတဲ့ နေရာဆိုရင်တော့ စည်မယ်” ဟု ၎င်းက ပြောသည်။

    မြို့ပေါ်လမ်းလျှောက်သင်္ကြန်ကို စစ်ကောင်စီ၏ ထိန်းချုပ်မှုအပြည့်အဝရှိသည့် မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်နှစ်ခုအနက် မည်သည့်မြို့နယ်တွင် ကျင်းပသွားမည်ကိုသီးခြားပြောဆိုထားခြင်းမရှိသေးပေ။

    တိုက်ပွဲဖော်ဆောင်မှုနည်းသည့် မွန်ပြည်နယ်တွင် စစ်ကောင်စီတို့အတွက် ၎င်းတို့အာဏာဆက်ထိန်းနိုင်ရန် ပျော်ပွဲရွှင်ပွဲများဖြင့် ဝါဒဖြန့်ရန်အကောင်းဆုံးနေရာဖြစ်နေကြောင်းလည်း မွန်တော်လှန်ရေးအင်အားစုမှ နိုင်နဂါးက ဆိုသည်။

    “ မွန်မှာ သူ့အနေနဲ့လုပ်ပိုင်ခွင့်အပြည့်အဝရနေတယ် တိုက်ပွဲဖော်ဆောင်မှုလည်း နည်းတယ်၊ အခြားဒေသတွေနဲ့မတူဘဲပျော်ပွဲရွှင်ပွဲလုပ် နေနိုင်တာက သူ့အတွက်အခွင့်ကောင်းပါပဲ။ တော်လှန်ရေးဟာ မပြီးသေးဘူးပြည်သူတွေ ဒုက္ခရောက်နေဆဲပဲ သူတို့ရဲ့ ခြယ်လှယ်မှု ဂုတ်သွေးဆုပ်မှု အာဏာဆက်လက်ထိန်းထားနိုင်ဖို့အတွက်ပဲ” ဟု ၎င်းကပြောသည်။

    စစ်တပ်ကိုတော်လှန်နေဆဲကာလဖြစ်သည့်အတွက်ပြည်သူများပျော်ပွဲရွှင်ပွဲတို့ကိုအတက်နိုင်ဆုံးရှောင်ရှားကြရန်နှင့် ၊ သို့သော် တော်လှန်ရေးအဖွဲ့အနေဖြင့်လည်း ပျော်ပွဲရွှင်ပွဲကာလအတွင်း ပြည်သူများ ထိခိုက်စေမည်ကိစ္စမျိုး လုပ်ဆောင်သွားမည်မဟုတ်ဟုလည်း ၎င်းကဆက်ပြောသည်။

    အလားတူ မွန်ပြည်နယ်စစ်ကောင်စီဝန်ကြီးနိုင်လယီးတမရွာဖြစ်သည့် သံဖြူဇရပ်မြို့နယ် ပငကျေးရွာ တွင်လည်း လာမည့်သင်္ကြန်ပွဲတော်နှင့်အတူ ဂီတဖျော်ဖြေရေးအစီအစဉ်တို့ကို လည်းစည်ကားစွာ ထည့်သွင်းကျင်းပသွားရန်ရှိသည်။

    ယမန်နှစ်တွင်လည်း မော်လမြိုင်သင်္ကြန်ပွဲတော်စည်ကားစွာကျင်းပနိုင်ရန် စစ်ကောင်စီ ဌာနဆိုင်ရာ ဝန်ထမ်းတို့ကိုဖိအားပေးပါဝင်စေခြင်းနှင့် သင်္ကြန်ပွဲတော်ကိုပါဝင်ပူးပေါင်းသည့် စီးပွားရေးလုပ်ငန်းရှင် တို့ကိုငွေကြေးထည့်ဝင်ခိုင်းသည်။

    စစ်မှူးထမ်းဥပဒေကြောင့် ပြည်တွင်းရှိလူငယ်များသည်လည်းစစ်ကောင်စီမှ ကန့်သတ်ချက်အမျိုးမျိုး ထုတ်ပြန်သော်လည်း လူငယ်အများစုရရာနည်းလမ်းဖြင့်တော်လှန်ရေးနယ်မြေနှင့် နီးစပ်ရာထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံသွားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks