Home သတင်း ဘားအံမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တို့တွင် ကုန်တင်ယာဉ်တို့ အခွန်ဆောင်ထားခြင်းရှိမရှိ ဆက်တိုက်စစ်ဆေး

ဘားအံမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တို့တွင် ကုန်တင်ယာဉ်တို့ အခွန်ဆောင်ထားခြင်းရှိမရှိ ဆက်တိုက်စစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံမြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တို့တွင် စစ်ကောင်စီအဖွဲ့တို့က မြဝတီမြို့မှ တင်ဆောင်လာသည့် ကုန်ပစ္စည်းအမျိုးအမည်အလိုက် အခွန်ဆောင်ထားခြင်းရှိမရှိ တိုက်စစ်ကာ ဖမ်းဆီးအရေးယူမှုဆက်တိုက် လုပ်ဆောင်နေသည်ဟု ကုန်တင်ယာဉ်မောင်းတို့ထံမှ သိရသည်။

မတ်လ ပထမအပတ်မှစ၍ ယနေ့အထိ မြဝတီမှလာသည့် ကန့်သတ်ထိုင်းကုန်စည်များကို စစ်ဆေးနေကြောင်းနှင့် အေးဂျင့်ဖြင့်အခွန်ဆောင်ကာသွားလာနေရပြီး စံပယ်ဂူ-ကိုးတိုင် လမ်းပိုင်းဘက်သို့လည်း သွားလာနေကြရကြောင်း မြဝတီ-ဘားအံ ယာဉ်မောင်းတစ်ဦး ကပြောသည်။

“ဘယ်ပစ္စည်း ဘယ်အမယ်က ဘယ်လောက်ပေး ရလဲဆိုတာမျိုးကို ကျူတီတိုက်စစ်ရင် အကုန်ဖမ်းလို့ရတယ် မြဝတီကုန်သွယ်ဇုန်မှာအခွန်ဆောင်တာရှိမရှိ အဲ့လိုမျိုးတိုက်ပြီး စစ်တယ် မှန်ရင်ပြန်လွှတ်ပေးတယ်၊ အချို့ကပစ္စည်းသိမ်းလိုက်တယ် အဓိကက မြဝတီကနေ ဘားအံကိုဆင်းလာသမျှကားတွေကို စစ်တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါလမ်းပိုင်းတွင် စံမံချက်အရ ဆက်တိုက် စစ်ဆေးဖမ်းဆီးနေသော်လည်း ငွေကြေးဖြင့် ပြန်ရွေးနိုင်သည့်အပြင် လက်ရှိလမ်းလွှဲမှ မောင်းနှင်နေသည့် စံပယ်ဂူလမ်းပိုင်းတွင် PDF မှ အခွန်ယူပြီး သွားလာခွင့်ပေး နေကြောင်း မြဝတီမြို့လမ်းပိုင်းတစ်လျှောက်သွားလာနေသည့် ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

သွင်းကုန်လိုင်စင်ထုတ်ပေးထားခြင်းမရှိဘဲ ယခုကဲ့သို့ လိုင်စစ်ကြေးစစ်ဆေးနေခြင်းသည် ကုန်တင်ယာဉ်မောင်းနှင့် ကူးသန်းရောင်းဝယ်နေသူတို့အတွက် အခက်အခဲများစွာကြုံတွေ့နေရသည်ဟု ၎င်းကဆက်ပြောသည်။

ဘားအံသို့သွားလာနေသည့် ယာဉ်မောင်းတစ်ဦးက “သူတို့ကတင်ပို့လိုင်စင်မှမထုတ်ပေးတာ သွင်းကုန်ပါမစ်လည်း မပေးထားဘူးဆိုတော့၊ ဘယ်လိုအခွန်ဆောင်မို့လဲ၊ အခုလည်း ကားသမားအချို့နားထားကြတယ်၊ အချို့ကျကားသေးတွေနဲ့ မော်လမြိုင်ကို ပြန်ကဲ့သယ်ကြတယ် ”၎င်းကပြောသည်။

ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်းများကို ကန့်သတ်စစ်ဆေးနေသဖြင့် အခွန်ငွေအပါအဝင် ဂိတ်ကြေးတို့ကိုလည်း ပုံမှန်ထက် ပိုမိုပေးဆောင်နေရပြီး စာသုံးသူတို့အပေါ် နစ်နာမှု ရှိလာနိုင်သည်ဟုလည်း ကုန်တင်ယာဉ်မောင်းတို့ သုံးသပ်ပြောဆိုလျှက်ရှိသည်။

ထိုင်း – မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်နေကြောင်း သက်ဆိုင်ရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီထံ တိုင်ကြားမှုများရှိလာသည့်အတွက် စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးကိုယ်တိုင်ဦးစီးကာ နေပြည်တော်မှ စစ်ဆေးရေးအဖွဲ့များအပါအဝင် ဌာနဆိုင်ရာပေါင်းစုံမှ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်တွင် စစ်တပ်မှ ကုန်တင်ကားအရေအတွက် အမြောက်အများကိုဖမ်းဆီးထားပြီး အကောက် အခွန်ဌာနသို့ ငွေကြေးညှိနှိုင်းကာ ပြန်ထုတ်ပေးသည်လျှက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.