spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းအလုပ်သမားနှင့်ပြည်သူများ မတရားအနိုင်ကျင့်ခံရမှုများကို တိုင်းကြားနိုင်ကြောင်း ရေးဘီလူးအဖွဲ့မှ ထုတ်ပြန်

    အလုပ်သမားနှင့်ပြည်သူများ မတရားအနိုင်ကျင့်ခံရမှုများကို တိုင်းကြားနိုင်ကြောင်း ရေးဘီလူးအဖွဲ့မှ ထုတ်ပြန်

    -

    မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းနှင့် ခေါဇာမြို့မှ မြို့တွင်းအလုပ်သမားများ မတရားအနိုင်ကျင့်ခံရမှု၊ စကစနှင့် အကျိုးတူစီးပွားရေးလုပ်ငန်းရှင်များမှ ပြည်သူများအပေါ် မတရားစော်ကားမှုတို့ကို တိုင်းကြားနိုင်သည်ဟု ရေးဘီလူးအဖွဲ့မှ မတ်လ ၂ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

    အဆိုပါဒေသမှ မြို့ခံအလုပ်သမားနှင့် စက်ရုံလုပ်သမားတို့သည် ရသင့်ရထိုက်သော အလုပ်သမားအခွင့်ရေးကို လျစ်လျူရှုခံနေရသည့်အပြင် မတရားဖိနှိပ်အနိုင်ကျင့်ခံရမှုတို့ရှိနေပြီး ရေးဘီးအဖွဲ့ထံ လာရောက်တိုင်ကြားကာ အကူညီတောင်းခံသူတို့ရှိနေကြာင်း ရေးဘီးလူးအဖွဲ့ခေါင်းဆောင်၏ ပြောဆိုချက်အရ သိရသည်။

    ထို့ကြောင့် ပြည်သူများအနေဖြင့် ရေးဘီလူးအဖွဲ့၏ တရားဝင် Page နှင့် ရေးဘီလူးအသုံးပြုသည့် လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် မတရားမှုများကို တင်ပြနိုင်ကြောင်း ထုတ်ပြန်ထားသည်။

    ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ” စကစနဲ့ အနီးကပ်ဆုံး အလုပ်တွဲလုပ်တဲ့လုပ်ငန်းရှင်တော်တော်များများက အလုပ်သမားတွေအပေါ် တအားဖိနှိပ်တယ်။ ဘယ်လိုဖိနှိပ်လဲဆိုတော့ လကုန်ပြီ လခထုတ်မဲ့ရက်ရောက်ရင် လခထုတ်မပေးတာတို့ နိုင်ထက်စီးနင်း ပြုမူနေတာတွေပေါ့နော်။ ဒီမွန်ပြည်နယ်မှာ ဘာပြဿနာတွေ ဖြစ်များလဲဆိုတော့ တရုတ်တွေ တည်ထောင်ထားတဲ့ စက်ရုံတွေမှာ အဲဒီလိုမျိုးတွေ ဖြစ်တယ်။ ရှမ်း-တရုတ်တွေ လုပ်တဲ့ လုပ်ငန်းတော်တော်များမျာက အဲဒီလိုမျိုးပြဿနာတွေ ဖြစ်တယ်ပေါ့နော်” ဟုဆိုသည်။

    ဒေသခံ၊မြို့ခံအလုပ်သမားတို့ ကြုံတွေ့နေရသည့် နိုင်ထက်စီးနင်းမှုများ၊ အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရမှုများကို ကျေလည်သည်အထိ ထိထိရောက်ရောက်တုန့်ပြန်သွားမည်ဟုလည်း ဆက်ပြောသည်။

    အပြစ်ကျူးလွန်များသည် အပြစ်ဒဏ်ခံသင့်ကြောင်းနှင့် ယခုထုတ်ပြန်ချက်သည် မတရားမှုများကို တိုက်ဖျက်နိုင်မည်ဆိုသော်လည်း အကောင်အထည်ဖော်နိုင်မှုနှင့် အရေးယူနိုင်မှုရှိမှုကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရေးဒေသခံတစ်ဦးက ဆိုသည်။

    ရေးမြို့ခံတစ်ဦးက “ကျွန်တော်အနေနဲ့ဆို သူတို့ဒီလိုလုပ်တာက ကောင်းတယ်။ ဒါမှ အပြစ်လုပ်တဲ့သူတွေခံရမှာ။ သူများတွေတော့ဘယ်လိုမြင်လဲမသိဘူးပေါ့နော်။ ကျွန်တော်ဆို အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး လုပ်စားနေ့တဲ့ လုပ်ငန်းရှင်တွေကို အရေးယူသင့်တယ်လို့မြင်တယ်”ဟု ဆိုသည်။

    သို့သော် ရေးဘီလူးမှ အာယုတောင်ဘက်ဒေသတဝိုက်၌သာ ပိုမိုလှုပ်ရှားနေသဖြင့် လမိုင်၊ မော့ကနင်ဘက်အထိ အရေးယူဆောင်ရွက်ပေးရန်လည်း လိုလားကြောင်း ဒေသခံတို့ပြောဆိုလျှက်ရှိသည်။

    ရေးဘီလူးအဖွဲ့အနေဖြင့် အလုပ်သမားများနှင့် ပြည်သူများကို မတရားဖိနှိပ်မှုများမှ ကာကွယ်ပေးရန်နှင့် စစ်ကောင်စီဘက်မှ ပြုလုပ်လာမည့် မတရားမှုများကို ဖျက်သိမ်းချေမှုန်း၍ တရားမျှတစွာ ဆောင်ရွက်သွားရန် အဆင့်သင့်ရှိနေကြောင်း ပြောကြားထားသည်။

    မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် ရေးဘီလူးအဖွဲ့သည် ရေးမြို့နှင့် အနီးတစ်ဝိုက်နေရာတို့ကို စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်နိုင်သည့်အပြင် စစ်ကောင်စီလက်အောက်ခံတို့ကိုလည်း ဖမ်းဆီးတိုက်ခိုက်မှု လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks