spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းစာချုပ်သဘောတူညီချက်အတိုင်း လျှပ်စစ်မီးမရရှိသဖြင့် ခေါဇာဒေသခံတို့ စာတင်ပြတောင်းဆို

    စာချုပ်သဘောတူညီချက်အတိုင်း လျှပ်စစ်မီးမရရှိသဖြင့် ခေါဇာဒေသခံတို့ စာတင်ပြတောင်းဆို

    -

    မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့တွင် လျှပ်စစ်မီးဖြန်ဝေပေးနေသည့် ပုဂ္ဂလိကကုမ္ပဏီမှ စာချုပ်ပါ သတ်မှတ်ချက်အတိုင်း လျှပ်စစ်မီးမဖြန့်ဝေသည့်အပြင် မီတာခဈေးနှုန်းများ ‌ပို‌ပေးနေရခြင်းကြောင့် ဒေသခံများ အုပ်ချုပ်ရေးမှုထံ စာတင်ပြတောင်းဆိုထားကြောင်း သိရသည်။

    ခေါဇာမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ရေးမြို့နယ်မီးလင်းရေးကော်မတီလက်အောက်ခံ ငွေစမ်းလာကုမ္ပဏီမှ လျှပ်စစ်မီး ဖြန့်ဖြူးပေးနေပြီး တစ်ရက်လျှင် နံနက် ၄ နာရီမှ ၆ နာရီအထိ တစ်ကြိမ်၊ ည ၆ နာရီမှ ၁ဝနာရီအထိ တစ်ကြိမ် လျှပ်စစ်မီးဖြန့်ဝေရန် သဘောတူညီထားသော်လည်း ယခုလတွင် တစ်ရက်၂ နာရီသာလျှပ်စစ်မီးဖြန့်ဖြူးပေးနေကြောင်း သိရသည်။

    ထို့ကြောင့် ဖဖော်ဝါရီလ ၂၆ ရက်နေ့က ဒေသခံ ၃၀၀ ကျော် လက်မှတ်ရေးထိုးကာ ခေါဇာမြို့အုပ်ချုပ်ရေးမှူးရုံးသို့ လျှပ်စစ်မီးကိစ္စညှိနှိုင်းဆောင်ရွက်ပေးရန် စာတင်ပြ တောင်းဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

    “ကျွန်မတို့ လူစုပြီး အုပ်ချုပ်ရေးမှုကိုသွားပြောတယ်ပေါ့၊ ဟိုရောက်တော့ အုပ်ချုပ်ရေးမှုးက ပြောတယ်၊ ရွာသူ/ရွာသားတွေ ဘယ်လို့ဖြစ်ချင်လဲ ကျမတို့ကလဲ ဖြစ်ချင်တဲ့အတိုင်းပြောတာပေါ့၊ နောက်တိုင်ကြားစာမှာ ဒေသခံ ၃၀၀ ကျော်က လက်မှတ်ထိုးပြီး တင်ပြထားတယ်”ဟု ခေါဇာနေ အမျိူးသမီးတစ်ဦးက ပြောသည်။

    ငွေစမ်းလာ ကုမ္ပဏီမှ စာချုပ်ပါစည်းကမ်းသတ်မှတ်ချက်အတိုင်း တစ်ရက်လျှင် ၆ နာရီမီးပေရန်နှင့် လျှပ်စစ်မီတာခဈေးနှုန်းအား လျှော့ချရန် တောင်းဆိုထားသည်။

    ယခင်ကပင် မီတာခကိုလည်း ၅ ယူနစ်မှ စတင်ကောက်ခံနေသည့် အဆိုပါလျှပ်စစ်မီး ကုမ္ပဏီသည် ယခုဖေဖော်ဝါရီလမှစ၍ တစ်ယူနစ် ၃၀၅၀ ကျပ် မှ ၃၄၀၀ အထိ ဈေးနှုန်း တိုးမြှင့်ကောက်ခံထားသဖြင့် နစ်နာမှုများကြောင်း အခြားဒေသခံတစ်ဦးက ဆိုသည်။

    ” ယူနစ်ကိုလဲ ၅ယူနစ်က နေစကောက်တယ်မီးပေးတာ ၂နာရီ သုံးစွဲတဲ့ ယူနစ်က ၅ယူနစ် ဘယ်လိုပြည့်မှာလဲ ၃ယူနစ်လောက်ပဲ ကုန်မယ်၊ တခါတလေ မီးက သုံးလေးရက်လောက်မလာဘူး၊ မီတာခကိုလဲ သူများထက်ပေးရတယ်၊ တစ်ယူနစ်ကို ၃၄၀၀ ပေးရတယ်၊ ဟံဂံတို့ ကလော့တို့က ၂၀၀၀ ကျော်ပဲ ပေးရတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    အဆိုပါ ငွေစမ်းလာကုမ္ပဏီသည် ခေါဇာမြို့အပါအဝင် ရေးတောင်ပိုင်းတစ်ဝိုက် လျှပ်စစ်မီးဖြန့်ဖြူးရန် ၂ နှစ် တစ်ကြိမ် ရေးမြို့နယ် မီးလင်းရေးကော်မတီအဖွဲ့နှင့် ဒေသခံတို့ထံ စာချုပ်ချုပ်ဆိုလျှက်ရှိကြောင်း သိရသည်။

    မွန်ပြည်နယ် ရေးမြို့နယ်တွင် လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့် ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၄ ခုထက်မနည်းရှိပြီး အဆိုပါကုမ္ပဏီတို့မှ ဒေသခံတို့ထံ လျှပ်စစ်မီတာခ တစ်ယူနစ်၂၇၀၀ မှ ၃၀၀၀ ကျော်အထိ ကောက်ခံနေကြောင်းသိရသည်။

    လက်ရှိတွင် စက်သုံးဆီဝယ်ယူရရှိမှုအခက်အခဲကြောင့် ရေးမြို့နယ်မြောက်ပိုင်းရှိ လမိုင်း၊ မော့ကနင်၊ ကော့ဒွတ်၊ သောင်ပြင်၊ နှစ်ကရင် အစရှိသည့်ရွာသို့ လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီတို့မှလည်း လျှပ်စစ်ဓါတ်အားလျှော့ချထားပြီး စက်သုံးဆီဝယ်ယူရရှိမှုအပေါ်မူတည်၍ ပြောင်းလဲထုတ်လွှတ်ပေးသွားမည်ဟု ဒေသခံတို့ကို အသိပေးပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks