spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းရေး-ထားဝယ်ကားလမ်းပိုင်း ယာဉ်တိမ်းမှောက်မှုတွင် ၃ ဦး ဒဏ်ရာရ

    ရေး-ထားဝယ်ကားလမ်းပိုင်း ယာဉ်တိမ်းမှောက်မှုတွင် ၃ ဦး ဒဏ်ရာရ

    -

    ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းပေါ်ရှိ သာယာမွန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွၚ် ယာဉ်မောင်းအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရေမြို့နယ်၊ အစင်ကျေးရွာမှ ထားဝယ်မြို့ဘက်သို့ မောင်းနှင်းလာသည့် ဟိုက်ဂျက်ယာဉ်တစ်စီးသည် ရေဖြူမြို့နယ်၊ သာယာမွန်ကျေးရွာအရောက်တွင် နောက်ဘီးပေါက်ပြီး မြောင်းထဲထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

    “အဲကားက ရေးမြို့ကနေလာတာ၊ ကျနော်တို့ရွာရဲ့ ရွာထိပ်စာသင်ကျောင်းရှေ့ရောက်တော့ ကားက နောက်ဘီးပေါက်သွားတယ်။ အဲကြောင့် ကားက မြောင်းထဲကို ထိုးကျသွားတယ်။ ကားကတော့ ငါးနဲ့ ရေခဲတွေအများကြီး သယ်လာတယ်။ ကျားနှစ်ယောက်နဲ့ မတစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်။ ကယ်ဆယ်အသင်းတွေက လာသယ်ပြီးတော့ ဆေးရုံးကို ပို့ပေးထားလိုက်တယ်။ ကားကတော့ သုံးမရတဲ့အထိ ပျက်စီးသွားတာ” ဟု သာယာမွန် ရွာခံတစ်ဦးက ပြောသည်။

    အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် အသက် ၃၀ အရွယ် ယာဉ်မောင်းအမျိုးသား၊ ဇနီးနှင့် သားတို့က ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပြီး ရေးမြို့ပြည်သူ့ဆေးရုံးကြီးတွင် ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလလယ်ခန့်ကလည်း ရေး-ထားဝယ်ကားလမ်းပိုင်း ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ မော်ကြီးကျေးရွာမှ ခရီးသည်နှင့် ကုန်ပစ္စည်းများတင်ဆောင်လာသည့် ယာဉ်တစ်စီးသည် မလွှဲတောင်အတက် ၁၄ မိုင်း ဘုန်းကြီးကျောင်းအလွန် အကွေ့တွင် အရှိန်လွန်ပြီး ပေ ၁၀၀ ခန့်ရှိသည့် ချောက်ထဲသို့ ထိုးကျခဲ့သည့်အတွက် ကျောင်းသူတစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ရပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks