spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းKBZ Pay ကို လုပ်ငန်းသုံးငွေကြေးဝန်ဆောင်မှုတစ်ခုအဖြစ် အသုံးပြုသူနည်းလာဟု လုပ်ငန်းရှင်တို့ဆို

    KBZ Pay ကို လုပ်ငန်းသုံးငွေကြေးဝန်ဆောင်မှုတစ်ခုအဖြစ် အသုံးပြုသူနည်းလာဟု လုပ်ငန်းရှင်တို့ဆို

    -

    မွန်ပြည်နယ်တွင် ဘဏ်နဲ့ချိတ်ဆက်ကာ လုပ်ငန်းလုပ်ကိုင်နေရသည့် ( SME ) အသေးစား၊ အလတ်စား လုပ်ငန်းရှင်များနှင့် ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေကြသူများ  KBZ Pay အကောင့်မှတစ်ဆင့် ငွေကြေးခိုးထုတ်ခံရမှု ထပ်မံဖြစ်ပေါ်နေခြင်းကြောင့်  လုပ်ငန်းသုံးငွေကြေးဝန်ဆောင်မှုတစ်ခုအဖြစ် အသုံးပြုသူနည်းလာကြောင်း လုပ်ငန်းရှင်တို့က ဆိုသည်။

    အွန်လိုင်းဒစ်ဂျစ်တယ်ငွေကြေး အပလီကေးရှင်း ဖြစ်သည့် KBZ Pay မှ ငွေကြေးအများအပြား ခိုးထုတ်ခံရသည့်အခြေအနေကို ယခုရက်ပိုင်းအတွင်း နာမည်ကြီးအနုပညာရှင်တို့အပြင် မွန်ပြည်နယ်မှ လုပ်ငန်းရှင်တို့လည်း ထပ်မံကြုံတွေ့နေရသည်။

    မော်လမြိုင် ငန်းတေးရပ်ကွက်မှ KBZ pay အသုံးပြုသူတစ်ဦး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကိုယ်တိုင်ငွေလွှဲပြောင်းခြင်းမပြုဘဲ အခြားအကောင့်တစ်ခုသို့ ငွေကျပ်သိန်းပေါင်း ၄၀၀ ကျော် ထုတ်ယူခံရမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

    ထို့ကြောင့် ယခင်ကပင် ငွေကြေးဝန်ဆောင်မှုပြဿနာရင်ဆိုင်ခဲ့ရသည့် SME လုပ်ငန်းရှင်များအနေဖြင့်  ပုဂ္ဂလိဘဏ်အစား အစိုးရဘဏ်မှဖွင့်ပေးသည့် Special Account ဘက်သို့ ပြောင်းလဲအသုံးပြုလာကြသည်ဟု SME လုပ်ငန်းရှင်းတစ်ဦးက ပြောသည်။

    “အဓိကက ပိုက်ဆံပျောက်တာကတစ်ပိုင်း ယုံကြည်မှုမရှိတော့တာကတစ်ပိုင်းပေါ့။ Special Account က သူတို့လိမ်လို့မရဘူး၊ ဘဏ်စာအုပ်ရှိတယ်လေ။ K pay ကျတာ့ စာအုပ်မရှိဘူး၊ App ပဲရှိတယ်။ အထောက်အထား မရှိဘူးပေါ့။ Special Account ကျတော့ တစ်ဖက်ကလွှဲလာတာနဲ့ ဘဏ်စာအုပ်ထဲဝင်လာတယ်။ စစ်လို့ရတယ်။ ကြားမှာပျောက်လို့မရဘူး။ ” ဟု သူက ပြောသည်။

    လက်ရှိ KBZ Pay အသုံးပြုနေသေးသည့် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတို့အနေဖြင့်လည်း K Pay အကောင့်အတွင်း ငွေကြေးပမာဏ အမြာက်အများမသိမ်းဆည်းရဲကြောင်းလည်း ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

    “ကျွန်မတို့ဆို အကောင့်ထဲ ငွေအများကြီး မထားရဲဘူး။ ပိုက်ဆံဝင်ဖို့ရှိရင် ဥပမာ သိန်း ၁၀၀ ဆို ဘဏ်စာအုပ် ထဲလွှဲ ထည့်လိုက်တယ်။ KPay က ဘဏ်စာအုပ်လွှဲလို့ရတယ်ဆိုတော့လေ။ ဖုန်းဘေလ်ထည့်ဖို့ သုံးဖို့ နည်းနည်းပါးပါးပဲ ချန်ထားတာ” ဟု ၎င်းက ပြောသည်။

    အဓိကအားဖြင့် KBZ pay အကောင့်အတွင်း ငွေကြေးသိန်းရာချီထားရှိသူ၊ သက်ကြီးပိုင်းနှင့် နည်းပညာအားနည်းသူများကို ပစ်မှတ်ထားကာ Face Book ၊Viber စသည့် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သို့မဟုတ် SMS မှတစ်ဆင့် ချဉ်းကပ်၍ လိမ်လည်နေကြောင်းလည်း သိရသည်။

    ငွေကြေးထုတ်ယူခံရသူအများစုတို့လည်း  KBZ Pay စင်တာသို့ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသည့်အပြင်၊ ငွေကြေးဆုံးရှုံးသူအများစု ပြန်လည်မရရှိသေးကြောင်း facebook စာမျက်နှာပေါ်က သတင်းအရင်းအမြစ်များအရ သိရသည်။

    စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်မှလည်း KBZ Pay အကောင့်မှ ငွေခိုးယူခံရသည့်ဖြစ်စဉ်တို့ကို စုံစမ်းစစ်ဆေးအရေးယူသွားမည်ဟု သတင်းထုတ်ပြန်ထားပြီး ငွေကြေးလိမ်လည်ထုတ်ယူခံရသူ ၃၁ ဦးတို့ကို အစားထိုးစိုက်ထုတ်ပေးရန် စတင်လုပ်ဆောင်နေပြီးဖြစ်ကြောင်း ၂၀၂၄  ဒီဇင်ဘာလ ၃ ရက်နေ့က  ထုတ်ပြန်ထားသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks