Homeသတင်းရေးဒေသထွက် ငရုတ်ကောင်း တစ်ပိဿာ ၃သောင်းကျော်ဖြင့် ဈေးကောင်းရနေဆဲ

ရေးဒေသထွက် ငရုတ်ကောင်း တစ်ပိဿာ ၃သောင်းကျော်ဖြင့် ဈေးကောင်းရနေဆဲ

-

မွန်ပြည်နယ်၊ ရေးဒေသထွက် ငရုတ်ကောင်းခြောက်များ ပြီးခဲ့သည့် ဇန်နဝါရီလထက် ဈေးအနည်းငယ်ပြန်ကျသွားသော်လည်း တစ်ပိဿာ ကျပ် ၃ သောင်းအထက်ဖြင့် ဈေးကောင်းရနေဆဲဖြစ်သည်ဟု သိရသည်။

ငရုတ်ကောင်းရာသီအတွင်း ပြီးခဲ့သည့် ဇန်နဝါရီလက တစ်ပိဿာ ၃၅၀၀၀ ကျပ်ဖြင့် ဈေးအမြင့်ဆုံးရှိခဲ့ရာ ယခုရက်ပိုင်းတွင် ဈေးအနည်းငယ်ကျဆင်းခဲ့သော်လည်း  တစ်ပိသာ ၃၁၀၀၀ ကျပ်ဖြင့် ဈေးကောင်းရနေဆဲဖြစ်ကြောင်း ငရုတ်ကောင်းစိုက်‌သူတို့က ဆိုသည်။

“အခုက ဈေးက ၃ သောင်း တစ်ထောင် ဖြစ်သွားပြီးနဲနဲကျသွားတယ်၊ အသစ်စထွက်တုန်းက ၃သောင်းခွဲ အထိ ဈေးကောင်းရနေတယ် ဒီဈေးတွေက တစ်ခါမှ မရဖူးဘူး ၃ သောင်းကျော်က ဒီနှစ်ပဲရတယ် မနှစ်ကဆို ၂ သောင်းကျော်၊ နှစ်သောင်းခွဲပဲရတယ်၊ ဗူးနဲ့ဝယ်ရင် တစ်ဗူး ၅၀၀၀ ရှိတယ်”ဟု ရေးမှ ငရုတ်ကောင်းစိုက်သူ တစ်ဦးက ပြောသည်။

ဈေးကောင်းရသော်လည်း ကုန်ဈေးနှုန်း သွင်းအားစု ကုန်ကျစရိတ်တို့ကြောင့် မပိုလျှံကြောင်းလည်း ဆက်ပြောသည်။

သို့သော် လက်ရှိငရုတ်ကောင်းရာသီတွင် အပင် ပိုးကျမှုများပြီး  သေဆုံးမှုများနေသဖြင့် အထွက်နှုန်းနည်းနေကြောင်းလည်း သိရသည်။

“ဒီနှစ်က ငရုတ်ကောင်းထွက်နည်းတယ်၊ ပြီးတော့ အပင်တွေသေများတယ် ကျွန်တော်တို့မှာလဲသေတယ်ဒါပေမဲ့ နည်းတယ်၊ တချို့ခြံတွေဆို အပင်တွေ တစ်ခြံလုံးသေသွားတယ်၊ စိုက်တဲ့မြေနဲ့လဲမဆိုင်၊ ဝဲဆိုလဲပေးတယ်လေ ရောဂါဖြစ်တာပဲထင်တယ်၊ ဆေးဖျံလို့လဲ မပျောက်ဘူး၊” ဟု ငရုတ်ကောင်း ရောင်းဝယ်သူတစ်ဦးက ဆိုသည်။

အထွက်နှုန်းနည်းပြီး ဝယ်ယူရရှိမှုအခက်ခဲကြောင့်  ပြည်တွင်းရှိ ပရဆေးဆိုင်လုပ်ငန်းနှင့် စားသောက်ကုန်လုပ်ငန်းအတွက် ရေးမှအဝယ်ဒိုင်တို့ထံ ကိုယ်တိုင်လာရောက်ဝယ်ယူနေကြောင်းလည်း သိရသည်။

 ရေးမှ တောင်သူအများစုတို့သည် ငရုတ်ကောင်းကို ကွမ်းပင်နှင့် အခြားပင်များပေါ်မှာ စိုက်ပျိုးလေ့ရှိသဖြင့် တိုက်ပွဲကြောင့် ခြံလုပ်ငန်းသွားလာခွင့်ကန့်သန့်ခံထားသည့် ဒေသတွင် ငရုတ်ကောင်းစေ့မခူ့းဆွတ်နိုင်ကြောင်းလည်း သိရသည်။

လက်ရှိတွင် နေရာဒေသပေါ်မူတည်၍ ငရုတ်ကောင်းခြောက် တစ်ပိသာ ၅ သောင်းအထိဈေးရှိနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts