Homeသတင်းသံဖြူဇရပ်တွင် အဒေါ်ဖြစ်သူ ရိုက်လို့ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံး

သံဖြူဇရပ်တွင် အဒေါ်ဖြစ်သူ ရိုက်လို့ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံး

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် အဒေါ်ဖြစ်သူက တံမြက်စည်းရိုးဖြင့် ရိုက်နှက်မှုကြောင့် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖေဖေါ်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက သံဖြူဇရပ်မြို့၊ ဟံသာဝတီရပ်ကွက်၊ တောရကျောင်းလမ်းနေ ဒေါ်ငွေအောက်ဆိုသည် ၎င်း၏ တူမ အသက် ၆ နှစ်အရွယ် မနှင်းဖြူဖြူထွေးကို အရှည် ၂ ပေခွဲ၊ လုံးပတ်ကျပ်လုံးခန့်ရှိ ဝါးဆစ်ပိတ် တံမြက်စည်းတုတ်ချောင်းဖြင့် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ ရိုက်နှက်မှုကြောင့် ကလေးတွင် ဦးခေါင်းပေါက်ပြဲနှင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများရရှိပြီး အိပ်ပျော်သွားခဲ့ကြောင်း ယနေ့နံနက်မှာတော့ သေဆုံးသွားခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ကလေးမလေးက မနေ့ညနေ ၅ နာရီခွဲအချိန်လောက်မှာ အိမ်ထဲမှာရှိတဲ့ အဝတ်အစားတွေနဲ့ စောင်တွေပေါ်မှာ ဝမ်းသွားမိလို ပေကျန်ကုန်တာကို ဒေါ်ငွေအောင်က ဒေါသထွက်ပြီး တုတ်နဲ့ရိုက်လိုက်တာ ဦးခေါင်းပေါက်ပြဲဒဏ်ရာရော၊ ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာတွေရပြီးတော့ ကလေးက သတိမေ့သွားသလိုလို၊ အိပ်ပျော်သွားသလိုလိုဖြစ်သွားတယ်။ ဒီနေ့မနက်မှ သူ့အဖေဖြစ်တဲ့ ကိုသန်းဇော်က သွားနှိုးတော့မှ ကလေးက သေဆုံးနေတာမျိုး တွေ့ရတာလို့ သိရတယ်” ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

မနှင်းဖြူဖြူထွေး၏ ရုပ်အလောင်းအားကို စေတနာရှင် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေါ်ငွေအောင်ကို သံဖြူဇရပ်မြို့မရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts