spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းကွမ်းသီးခြောက်တို့ကို သိုလှောင်ကုန်အဖြစ်ထားရှိမှုနည်းလာ

    ကွမ်းသီးခြောက်တို့ကို သိုလှောင်ကုန်အဖြစ်ထားရှိမှုနည်းလာ

    -

    မွန်ပြည်နယ်အတွင်း ကွမ်းသီးမှည့်ရာသီကုန်ခါနီးချိန်၌ ဈေးကောင်းရနေသဖြင့် တောင်သူအများစု အမှည့်သီးရောင်းချမှုများနေသည့်အပြင် ပြီးခဲ့သည့် ကွမ်းသီးနုရာသီတွင်လည်း တရုတ်မှ ဝယ်လိုအားများခဲ့ခြင်းကြောင့်လည်း လတ်တလောအခြောက်အဖြစ်သိုလှောင်ထားမှု မရှိသလောက် နည်းပါးလာနေကြောင်း ကွမ်းသီးဈေးကွက်မှ သိရသည်။

    ယခုလဆန်းပိုင်းတွင် ကွမ်းသီးခြောက် တစ်ပိသာ ၁ သောင်း ၄ ထောင်ဝန်းကျင်အထိ ပေါက်ဈေးရှိနေသော်လည်း ကွမ်းသီးမှည့် တစ်လုံး ၁၂၀ ကျပ်အထိ စျေးရနေသဖြင့် အမှည့်သီးတို့ကိုသာ ရောင်းချနေကြရောင်း ကွမ်းသီးတောင်သူတို့မှ သိရသည်။

    “ကွမ်းသီးခြောက်တွေက အခြောက်ခံရတယ်။ ပြီးတော့ အခွံခွာရတယ်။ ကွမ်းသီးမှည့်တွေဆို ခူးပြီးတာနဲ့ ရောင်းလို့ရတယ်။ဘာမှလုပ်စရာမလိုဘူး။ ဈေးလည်း ပိုရတယ်” ဟု ရေးမှကွမ်းသီးစိုက် တောင်သူတစ်ဦးက ပြောသည်။

    သို့သော် အမှည့်သီးမှ လက်ကျန်ဖြစ်သည့် အလုံးမလှ အရည်အသွေးညံ့အသီးအနည်းစုကိုသာ အခြောက်ခံပြီး သိုလှောင်ကြကြောင်းလည်း ဆိုသည်။

    ကြိုတင်မခန့်မှန်းနိုင်သည့် တိုက်ပွဲအခြေအနေတို့ကြောင့်လည်း ဒေသခံတောင်သူတို့ စီးပွားဖြစ် သီးနှံသိုလှောင် သိမ်းဆည်းမှု နည်းပါသွားကြောင်း သိရသည်။

    ယမန်နှစ် နွေပိုင်းကွမ်းသီးခြောက်ရာသီတွင် တစ်ရက်လျှင် ပိသာ ၄၀၀ အထိ တောင်သူတို့က တင်သွင်းရောင်းချနေပြီး လက်ရှိတွင် တစ်ရက်ပိသာ ၁၀၀ တင်သွင်းမှုရှိနေသည်ဟု အဝယ်ဒိုင်တစ်ဦးမှ ဆိုသည်။

    “တရုတ်တွေက သူတို့ဝယ်ချင်သလို ဝယ်တယ်၊ ကွမ်းသီးနုတွေ၊ အမှည့်တွေ အကုန်လုံးကိုဝယ်လိုက်တော့ ကွမ်းသီးခြောက်တွေ နည်းလာတယ်။ ပြီးတော့ အခုက ကွမ်းသီးခြောက်တွေ အရည်အသွေး သိပ်မကောင်းတော့ သိုလှောင်ကုန်အနေနဲ့ မထားရဲတော့ဘူး။ ဝယ်ယူရသမျှကို ထားဝယ်ဘက်၊ အပေါ်ဘက်ကို ပို့လိုက်တယ်။ အခြားခြံထွက်အသီးကိုပဲ လှောင်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

    မွန်ဒေသထွက် ကွမ်းသီးမှည့်နှင့် အခြောက်တို့ကို ရန်ကုန်၊မော်လမြိုင်၊ ရေးအပြင် ထားဝယ်မှ ကွမ်းသီးကုန်သည်များက အဓိက ဝယ်ယူနေကြောင်း သိရသည်။

    ယမန်နှစ်တွင် ကွမ်းသီးခြောက်တစ်ပိသာလျှင် ၄၀၀၀ ကျပ် ဝန်းကျင်သာရှိခဲ့ရာ သိုလှောင်ထုတ်လုပ်မှု နည်းပါးနေသဖြင့် တစ်ပိသာ ၁ သောင်းကျော်အထိ ပေါက်ဈေးရှိနေသည်ဟု ဈေးကွက်ဖော်ပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts