Homeသတင်းကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာနေ အမျိုးသားတစ်ဦး ထပ်မံပစ်သတ်ခံရ

ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာနေ အမျိုးသားတစ်ဦး ထပ်မံပစ်သတ်ခံရ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ထပ်မံပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က မလော့ချောင်ကျေးရွာနေ အသက် ၄၀ နှစ်အရွယ် ဦးဝင်းအောင်ဆိုသူသည် နေအိမ်အနီးတွင် တည်ရှိနေစဉ် သေနတ်သမား နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းအောင်သည် ဦးခေါင်းနှင့် နောက်ကျော ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာတွင်ပင် သေဆုံးသွားခဲ့သည်။

ဦးဝင်းအောင်ကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့ညပိုင်းကလည်း မလော့ချောင်ကျေးရွာနေ အသက် ၃၇ အရွယ် ဦးစိုးနိုင်ဦးကို အမည်မသိ သေနတ်သမား နှစ်ဦးတို့က နေအိမ်အတွင်း ဝင်ရောက် ပစ်သတ်သွားခဲ့သည်။

၎င်းပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ကျိုက်ထိုမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ Parrot လက်ဖက်ရည်ဆိုင်တွင် ရှိနေသည့် ကျိုက်ပိကျေးရွာနေ အမျိုးသားတစ်ဦးကို ဒလန်ဆိုပြီး လူငယ်တစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts