Homeသတင်းကျိုက်ဒုံတွင် စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး

ကျိုက်ဒုံတွင် စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး

-

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့တွင် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ယမန်နေ့ နံနက် ၇ နာရီခွဲဝန်းကျင်အချိန်ခန့်က စစ်ကောင်စီ နေပြည်တော်လေတပ်မှ Yak-130 Jet Fighter ဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။

စစ်ကောင်စီ လေကြောင်း ပစ်ခတ်မှုကြောင့် ကျိုက်ဒုံမြို့ရှိ မီးသတ်ရုံးအနီး ရော်ဘာခြံတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ရော်ဘာကနေ ပြန်လာသည့် ကျိုက်ဒုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ချောင်းဝပိုင်းနေ အသက် ၅၁ နှစ်အရွယ် ဒေါ်ဒဝယ်မ (ခ) ဒေါ်ညိုညိုဝင်းဆိုသူအား ထိမှန်သေဆုံးသွားခဲ့သည်။

၎င်းပြင် လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် မီးသတ်ရုံးနှင့် အနီးဝန်းကျင်ရှိ လူနေအိမ်အချို့ လည်း ထိမှန်ပျက်စီးသွားခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

အလားတူ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ KNU ထိန်းချုပ်နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ယော့ကဒေါကျေးရွာထဲကို စစ်ကောင်စီက လာရောက်ဗုံးကြဲပစ်ခတ်ခဲ့သေးသည်။

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲပစ်ခတ်မှုကြောင့် ယော့ကဒေါ ကျေးရွာရှိ စာသင်ကျောင်း (၁) ကျောင်း ထိမှန်ပျက်စီးခဲ့ရသည်။

စစ်ကောင်စီက လေကြောင်းဖြင့်သော်လည်းကောင်း၊ မြေပြင်မှ လက်နက်ကြီးများဖြင့် သော်လည်းကောင်း အရပ်ပြည်သူများ နေထိုင်ရာ ကျေးရွာများထဲသို့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲပစ်ခတ်ပြီး လူ့အခွင့်အရေးနှင့် စစ်ရာဇဝတ်မှုဆိုင်ရာများကို နေ့စဥ်နှင့်အမျှ ကျူးလွန်နေသည်ဟု KNU က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts