spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းကျားဖြန့်နှိမ်နှင်းရေး “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်း စမည်ဟု တရုတ်ကြေညာ

    ကျားဖြန့်နှိမ်နှင်းရေး “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်း စမည်ဟု တရုတ်ကြေညာ

    -

    ထိုင်း-မြန်မာနယ်စပ်တွင် လူပျောက်ဆုံးမှုများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများ ​တဖန်ပြန်လည် နာမည်ကြီးလာသည့်အချိန်တွင် “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်း ပြန်လည်စတင်ရန်အချိန်ကောင်းဟု တရုတ်သံရုံးက ကြေညာခဲ့သည်။

    လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC) မှ ဇန်နဝါရီလ ၂၁ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေး ကျင်းပခဲ့သည်။

    ၂၀၂၅ ခုနှစ်အတွင်း သင့်လျော်သည့်အချိန်ကို ရွေးကာ “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို စတင်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇ၀တ်မှုများအား အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွားမည်ဟုလည်း တရုတ်က ကြေညာထားသည်။

    “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၊ အာဆီယံရဲတပ်ဖွဲ့ စသည့် နိုင်ငံတကာ အဖွဲ့အစည်းများလည်း ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။

    ဇင်ယော် လှုပ်ရှားမှုသည် နိုင်ငံအသီးသီး၏ တရားဥပဒေစိုးမိုးရေး အရင်းအမြစ်များ စုစည်းထားပြီး ဒေသတွင်း ဆက်သွယ်ရေးလိမ်လည်မှုနှင့် လက်နက်ခဲယမ်းမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ခြင်း ဖြစ်သည်။

    “ဇင်ယော်” တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှုတွင် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသည့် ၆ နိုင်ငံမှ တရားဥပဒေစိုးမိုးရေးဌာနများမှ ညှိနှိုင်းပြီး ဒေသဆိုင်ရာ ဆက်သွယ်ရေးလိမ်လည်မှု၊ ကွင်းဆက်ရာဇ၀တ်မှုများနှင့် လက်နက်ခဲယမ်းမှောင်ခိုမှု အတူတကွတိုက်ဖျက်ရန်ဖြစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ချက်ထားသည်။

    ပြီးခဲ့သည့် ဇင်ယော် ပူးပေါင်းလှုပ်ရှားမှုအတွင်း ဆက်သွယ်ရေးလိမ်လည်မှုကို အဓိကထားသော ရာဇဝတ်မှု စုစုပေါင်း ၁၆၀ မှုကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး တရားခံပေါင်း ၇ သောင်းကျော် ဖမ်းဆီးခဲ့ကာ ပြည်သူ ၁၆၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks