spot_img
Sunday, January 18, 2026
More
    spot_img
    Homeသတင်းရာဘာရာသီရပ်နားချိန် နီးသော်လည်း သံဖြူဇရပ်- ဘုရားသုံးဆူလမ်းတစ်လျှောက် ရာဘာလုပ်ငန်းမစနိုင်သေး

    ရာဘာရာသီရပ်နားချိန် နီးသော်လည်း သံဖြူဇရပ်- ဘုရားသုံးဆူလမ်းတစ်လျှောက် ရာဘာလုပ်ငန်းမစနိုင်သေး

    -

    မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ဆက်သွယ်သွားလာနိုင်သည့် သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပိုင်းတစ်လျှောက်ရှိ ရာဘာခြံတို့တွင် မြေမြှပ်မိုင်းအန္တရာယ်စိုးရိမ်နေရခြင်းကြောင့် လက်ရှိ ရာဘာပင် ရွက်ဟောင်းခြွေချိန်တွင် ရာဘာစေးမခြစ်နိုင်သေးကြောင်း သိရသည်။

    အဆိုပါ သံဖြူဇရပ်-ဘုရားသုံးဆူလမ်း ရဲတံခွန်ကျေးရွာတွင် တိုက်ပွဲအခြေအနေငြိမ်နေသော်လည်း ဒေသခံတို့ မြေမြှပ်မိုင်းနင်းမိပေါက်ကွဲမှု မကြာခဏဖြစ်ပွားနေသဖြင့် ခြံပိုင်ရှင်အပြင် ခြံလုပ်သားတို့ ရာဘာရာရာသီ ရပ်နားချိန်နီးလာချိန်တွင်လည်း လုပ်ငန်းမစတင်နိုင်သေးကြောင်း ရဲတံခွန်ရွာအနီး ရာဘာခြံလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

    "တိုက်ပွဲက ဒီအချိန်တစ်ဝိုက်မှာ မရှိတော့ပါဘူး၊ ဒါပေမဲ့ ဒေသခံတွေက အဲ့ဘက်မှာ မြေမြှပ်မိုင်းနင်းမိနေတယ်လို့ ကြားနေရတော့ ရဲတံခွန် အဲ့တစ်ဝိုက်က နေရာတွေမှာဆို ဘယ်သူမှ မသွားရဲဘူး၊ ခြံပိုင်ရှင်တွေလည်းမသွားရဲ့ ရာဘာခြစ်လုပ်သားတွေလည်း မသွားရဲ"ဟု ပြောသည်။

    အနန်းကွင်းဗျူဟာတိုက်ပွဲ အစောပိုင်းကာဖြစ်သည့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဒေသခံခြံလုပ်သား အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး မြေမြှပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရပြီး ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဇီးနှစ်ပင်ရွာသား ၂ ဦးနှင့် သံဖြူဇရပ် ပငရွာမှ အမျိုးသား ၁ ဦး မြေမြှပ်မိုင်း နင်းမိပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    သံဖြုဇရပ်- ဘုရားသုံးဆူ လမ်းပိုင်းတစ်လျှောက်တွင် ရာဘာအစေးမထွက်သေးသည့် သက်တမ်းနုရာဘာခြံတို့အပါအဝင် ရာဘာခြံဧကပေါင်း ၁၀၀၀ ခန့်ရှိနေပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှတိုက်ပွဲကြောင့် ၂၀၂၅ နှစ်ဆန်းပိုင်းအထိ ဒေသခံအပါအဝင် ရာဘာခြံလုပ်ငန်းလုပ်ကိုင်သူတို့ အသွားအလာ မလုပ်ရဲသေးပေ။

    "ရဲတံခွန် သံဖြူဇရပ် ဘက်ခြမ်းရော၊ ဘုရားသုံးဆူဘက်ခြမ်းရောဆိုရင် ရာဘာခြစ်လို့ရတဲ့ခြံရော မရတဲ့ခြံရော ဧက ၁ ထောင်လောက်ရှိတယ်၊ ဒါပေမဲ့ တိုက်ပွဲဖြစ်တဲ့အချိန်ကစပြီး ဒီကနေ့အထိ ဘယ်သူမှလဲမသွားရဲ၊ ဒီအတိုင်းပဲ ပစ်ထားတယ်၊ ဆုံးရှုံရတာတွေက နည်းမှမနည်းတာ"ဟု ရဲတံခွန်ရွာတွင် ရာဘာပင်စိုက်ပျိုးထားသည့် ပငရွာမှ ခြံလုပ်ငန်းရှင်က ဆိုသည်။

    ထို့ကြောင့် ရာဘာလုပ်ငန်းရှင်အချို့ အဆိုပါဒေသတစ်ဝိုက်ရှိ ရာဘာခြံတို့ကို ရသည့်ဈေးဖြင့် ခေါ်ယူရောင်းချမှု ပြုလုပ်လာကြောင်းလည်း သိရသည်။

     အနန်းကွင်းဗျူဟာစခန်း လက်မလွှတ်ရရေးအတွက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုအဖွဲ့တို့ကြားပြီးခဲ့သည့် နှစ်သစ်ကူးရက်အတွင်း ၄ ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

     အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့တို့ တပ်သား ၄၀ ကျော်အထိ သေဆုံးခဲ့သည်ဟု အထူးစစ်ဆင်ရေးအဖွဲ့ SOF  မှ ထုတ်ပြန်ထားသည့်နောက် လက်ရှိတွင် နှစ်ဖက်စစ်လုံးမှ စစ်ဆင်ရေး ရပ်ဆိုင်ထားကြောင်း ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့၏ ပြောဆိုချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts