spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းမိုးစပါးအရည်အသွေး ကျဆင်းနေသဖြင့် အလေးချိန်ဖြင့်သာ ဝယ်ယူ

    မိုးစပါးအရည်အသွေး ကျဆင်းနေသဖြင့် အလေးချိန်ဖြင့်သာ ဝယ်ယူ

    -

    မွန်ပြည်နယ်ထွက် မိုးစပါးများ ယခုနှစ်တွင် အရည်အသွေးကျဆင်းနေကြောင့် စပါးဝယ်ယူသူတို့ တင်းအစား အလေးချိန်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြသည်ဟု ဆန်စပါးရောင်းဝယ်သူတို့မှ သိရသည်။

    ပြီးခဲ့သည့် မိုးစပါးရာသီတွင် စပါးခင်းဖျက်ပိုးကျခြင်း၊ အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းနှင့် မြေဩဇာအပြည့်အဝ မပေးနိုင်ခြင်းကြောင့် အထွက်နှုန်းနည်းသည့်အပြင် စပါးခွံ ပါဝင်မှုများပြီး မွန်ဒေသထွက်မိုးစပါး အရည်အသွေးမရှိ ဖြစ်နေသည်။

    စပါးအရည်အသွေး နည်းလာခြင်းကြောင့် မွန်ပြည်နယ်ထွက် မိုးစပါးများ ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရန် အလေးချိန်ဖြင့် ဝယ်ယူမှသာ တွက်ခြေကိုက်သည်ဟု စပါးရောင်းဝယ်သူတစ်ဦးက ဆိုသည်။

    “ကီလိုနဲ့ချိန်ပြီးဝယ်တာက စပါးဝယ်သူတွေအတွက်ကတော့ အဆင်ပြေတယ်။ အလေးအချိန်ပြည့်တဲ့စပါးတွေ ရတယ်။ တင်းနဲ့ ချိန်ပြီး ဝယ်တာကျတော့ တောင်သူတွေ ရှုံးတယ်။ ဘာကြောင့်လဲဆိုတော့ တင်းနဲ့ဆိုရင် အလေးချိန်မပြည့်တဲ့ စပါးတွေပါလာရင် ဆန်ကြိတ်တဲ့အခါကျရင်ဆန်က မထွက်ဘူး။ ပြီးတော့ အလေးချိန်မပြည့်တဲ့စပါးတွေဆိုရင်လည်း တစ်ခြားနယ်ကသူတွေကလည်း မဝယ်ကြဘူး” ဟု ၎င်းက ပြောသည်။

    ယခင်က အလေးချိန်ဖြင့် ရောင်းဝယ်သည့်စနစ်ကို မိုးစပါးပေါ်ကာလတွင် အကြီးစား စပါးလုပ်ငန်းရှင်တို့ကသာ အသုံးပြုသော်လည်း လက်ရှိတွင် စပါးရောင်းဝယ်နေသူတို့အားလုံး ပြောင်းလဲအသုံးပြုလာသည်။

    ဆန်စပါးလုပ်ငန်းရှင်၏ သတ်မှတ်ချက်အရ စပါးနှစ်တင်းတွင် ပေါင်ချိန် ၁၀၅ ပေါင်ပြည့်မီရမည်ဟု သတ်မှတ်ထားပြီး ထိုအလေးချိန်အတိုင်း ပြည့်မီခြင်းမရှိသည့် မိုးစပါးများကို လိုက်လံဝယ်ယူသူနည်းသလို စပါးပေါက်ဈေးအတိုင်း မပေးကြောင်း တောင်သူတစ်ဦးက ပြောသည်။

    “စပါးဝယ်တဲ့သူတွေက သူတို့သတ်မှတ်ထားတဲ့ ကီလိုပြည့်မှ ဝယ်ကြတယ်။ ဒါပေမဲ့ ကိုယ်စပါးရဲ့ ပေါင်ချိန်က ၉၀-၉၅ လောက်ပဲရှိနေတယ်။ ပေါင်ချိန် မပြည့်ဘူးဆိုရင် ဈေးသိန်း ၂၀ ပဲရတယ်။ အပြည့်မရဘူး။ ကိုယ့်မှာ ဘာမှပြောပိုင်ခွင့်မရှိဘူး။ ပြောရင်လည်း စပါးဝယ်တဲ့သူက ကိုယ့်စပါးကို သူတို့မယူဘူး” ဟု အထက်ပါ တောင်သူက ပြောသည်။

    လက်ရှိစပါးပေါက်ဈေးအရ ဆန်ကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၂၅ သိန်းကျော် ဈေးရှိနေပြီး အလေးချိန်ဖြင့် ရောင်းချရာတွင် သိန်း ၂၀ ဝန်းကျင်သာ ဈေးနှုန်းရရှိနေခြင်းကြောင့် စိုက်စရိတ် ကုန်ကျမှုများခဲ့သည့် တောင်သူတို့အပေါ် အကြပ်ရိုက်စေသည်ဟုလည်း ဆက်ပြောသည်။

    ယင်းအခြေအနေကြောင့် အစိုးရထံ ချေးယူထားသည့် မိုးစပါးချေးငွေများ အချိန်မီပြန်ဆပ်နိုင်သည့် အခြေအနေမရှိကြောင်းလည်း တောင်သူတို့က ပြောဆိုသည်။

    မွန်ပြည်နယ်တွင် ဆန်စပါးဖူလုံမှု (၁၃၅.၄၉%) ရှိရာမှ ယခုနှစ်တွင် (၁၄၀.၀၈%)အထိ ရရှိရေး စစ်ကောင်စီမွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့မှ ရည်မှန်းဆောင်ရွက်လျက်ရှိသော်လည်း မြေပြင်အထားအရ မဖြစ်နိုင်ကြောင်းလည်း ဆန်စပါးလုပ်ငန်းရှင်တို့ သုံးသပ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks