Homeသတင်းရေးမြို့နယ်တွင် စစ်ကောင်စီယာဉ် ကြားဖြတ်တိုက်ခိုက်ခံရ၊ တပ်သား ၃ ဦးသေဆုံးဟု ဆို

ရေးမြို့နယ်တွင် စစ်ကောင်စီယာဉ် ကြားဖြတ်တိုက်ခိုက်ခံရ၊ တပ်သား ၃ ဦးသေဆုံးဟု ဆို

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ် (၈) လမ်းပေါ်တွင် အာယုတောင်ကျေးရွာ အခြေစိုက် ခမရ ၃၄၃ တပ်ရင်းမှ စစ်ကောင်စီယာဉ် ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် တပ်သား ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက် ၉ နာရီအချိန်ခန့်က ရေးမြို့နယ်၊ စုံနံ့သာကျေးရွာကို ဖြတ်သန်းမောင်းနှင်လာသည့် စစ်ကောင်စီတပ်ရင်း ခမရ ၃၄၃ မှ တပ်သားများ လိုက်ပါလာသည့် ယာဉ်ကို ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ဖြစ်သည်။

“ကျနော်တို့ ဒီနေ့ မနက်ပိုင်းမှာ စုံနံ့သာ အမှတ် (၈) လမ်းမကြီးပေါ်မှာပေါ့နော်၊ ၃၄၃ တပ်က စကခ-၁၉ ကို အစည်းအဝေးသွားမယ့် ကားကို ကျနော်တို့ နေရာစောင့်ဆိုင်းပြီးတော့ ဒီလမ်းမကြီးပေါ်မှာ ဝင်ပစ်တယ်ပေါ့၊ သူတို့ဘက်က ၃ ယောက်ကျတယ် ဒဏ်ရာရတာလည်း ရှိတာပေါ့နော်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တိုက်ခိုက်လာသဖြင့် ရေးဘီလူးအဖွဲ့မှ တပ်သားတစ်ဦး ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့လက်နက်တွေတော့ လုမရလိုက်ဘူး၊ ကားမောင်းသမား မကျတဲ့အခါကျတော့ ကားမောင်းပြေးသွားတယ်၊ အပြန်အလှန်ပစ်ခတ်မှု နည်းနည်းပါးပါး ဖြစ်တယ်၊ ကျနော်တို့ဘက်က ခြေထောက်မှာ ဒဏ်ရာတစ်ဦးရတယ်၊ မစိုးရိမ်ရဘူး” ဟု ရေးဘီးလူအဖွဲ့ခေါင်းဆောင်က ဆက်လက်ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၅၈၆၊ ခလရ-၃၄၃၊ ခမရ-၅၈၇ တပ်ရင်းတို့မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် သံဖြူဇရပ်-ရေး အမှတ် (၈) ပြည်ထောင်စိလမ်းမကြီး တစ်လျှောက်တွင် စစ်ကောင်စီယာဉ်တန်းများ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး တော်လှန်ရေးအင်းအားစုဘက်ကလည်း လမ်းပိုင်းလုံခြုံရေး ယူထားကာ စစ်ဆေးမေးမြန်မှုများလည်းရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts