spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းစစ်မှုထမ်းစေရန် ဒေသန္တရအမိန့်ဖောက်ဖျက်သည့်လူငယ်များကို ဖမ်းဆီးစုဆောင်းနေ

    စစ်မှုထမ်းစေရန် ဒေသန္တရအမိန့်ဖောက်ဖျက်သည့်လူငယ်များကို ဖမ်းဆီးစုဆောင်းနေ

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ဒေသန္တရအမိန့်ဖောက်ဖျက်သည့် လူငယ်များကို စစ်မှုထမ်းသင်တန်းတက်ရောက်စေရန် စစ်ကောင်စီက လိုက်လံဖမ်းဆီးစုဆောင်းနေကြောင်း သိရသည်။

    ပြီးခဲ့သည့်နိုဝင်ဘာလ ၁၉ ရက်နေ့ တစ်ရက်တည်းတွင်ပင် ညမထွက်ရနှင့် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရဆိုသည့် ဒေသန္တရအမိန့်ကို ဖောက်ဖျက်သည့် လူငယ် ၂၀ ဦးကျော် စစ်ကောင်စီပူပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

    ထိုသို့ဖမ်းဆီးပြီးနောက် စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၂၅ နှစ်အရွယ်ရှိ လူငယ်များကို စစ်သင်တန်းတက်ရောက်စေရန် လူသစ်အဖြစ် စုဆောင်းထားပြီး အသက် ၁၈ နှစ်အောက်နှင့် ဝက်ရူးပြန်အတက်ရောဂါအခံရှိသည့် လူငယ်များ၊ သက်ကြီးပိုင်းအမျိုးသားများကို ငွေကြေးဖြင့် ပြန်လည်ရွေးခိုင်း၍ လွှတ်ပေးခဲ့ကြောင်း သိရသည်။

    “စစ်ထဲ ဝင်မဲ့လူမရှိတဲ့အတွက် ညမထွက်ရနဲ့ အမျိုးသားနှစ်ဦးဆိုင်ကယ်အတူမစီးရ စတဲ့ ဒေသန္တရအမိန့်နဲ့ ပတ်သက်ပြီး ချိုးဖောက်တဲ့ လူတွေကို ဖမ်းပြီး စစ်မှုထမ်းထဲ ကောက်ထည့်နေ တယ်၊ ၁၀ ယောက်ကျော်ကျော်လောက်ရှိနေပြီ” ဟု မြို့နယ်စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူ ပေါင်မြို့ခံတစ်ဦးက ပြောသည်။

    ဖမ်းဆီးခံရသူလူငယ် ၁၀ ဦးကျော်တို့အား မော်လမြိုင်မြို့၊ မွန်ယဉ်ကျေးမှု ပြတိုက်အနီးရှိ စစ်သား စုဆောင်းရေးဌာနသို့ ပို့ဆောင်ထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

    စစ်ကောင်စီလက်အောက်တွင် စစ်မှုထမ်းဆောင်လိုသူများ မရှိသလောက်နည်းပါးလာမှုကြောင့် ပြီးခဲ့သည့်အောက်တိုဘာလအတွင်း ပေါင်မြို့နယ်မှ စစ်သင်တန်းအပတ်စဥ် (၆) အတွက် လူငယ် ၄ ဦးသာ ပို့ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။

    စစ်ကောင်စီသည် လွန်ခဲ့သော ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်က ပြဌာန်းခဲ့သည့် စစ်မှုမထမ်းမနေရ ဥပဒေကို ယခုနှစ် ၂၀၂၄၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြန်လည်အသက်သွင်းခဲ့သည်။

    ထို့နောက် အာဏာသိမ်းအပြီး ပေါ်ပေါက်လာသော တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှု များကြောင့် စစ်သားလိုအပ်ချက်အရ စစ်မှုထမ်းရန် လူငယ်များအား အတင်းအဓမ္မခေါ်ယူ စုဆောင်းခဲ့ပြီးနောက် အပတ်စဉ် (၁) သင်တန်းကို ၂၀၂၄ ဧပြီ ၈ ရက်တွင် စတင်အကောင် အထည်ဖော်ခဲ့သည်။

    ယခုအခါ စစ်ကောင်စီသည် စစ်မှုထမ်းအပတ်စဥ် (၇) သင်တန်းအား စတင်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေပြီး  လူငယ်များကို စစ်မှုထမ်းဆောင်စေရန် အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းမှုများ လုပ်ဆောင်လျှက်ရှိသည်။

    ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ BACS ၏ အစီအရင်ခံစာအရ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁ မှ အပတ်စဉ် ၅ အထိ လူဦးရေ ၂၁၀၀၀ ထက်မနည်း တပ်သားစုဆောင်းခံထားရကြောင်း ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks