Homeသတင်းမွန်ပြည်နယ်အတွင်းက စစ်မှုထမ်းသင်တန်းနှင့် တပ်ရင်းအချို့က တပ်သား ထွက်ပြေးမှု ဆက်တိုက်ဖြစ်ပွားနေ

မွန်ပြည်နယ်အတွင်းက စစ်မှုထမ်းသင်တန်းနှင့် တပ်ရင်းအချို့က တပ်သား ထွက်ပြေးမှု ဆက်တိုက်ဖြစ်ပွားနေ

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အခြေစိုက် ဝဲကလိစစ်သင်တန်းကျောင်းက စစ်မှုထမ်းသင်တန်းသားများနှင့် ရေးနှင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတို့မှ တပ်သား ထွက်ပြေးမှု ဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံနှင့် အုပ်ချုပ်ရေးမှုးအဖွဲ့နှင့် နီးစပ်သူတို့၏ ပြောပြချက်အရ သိရသည်။

ဝဲကလိ စစ်မှုထမ်းသင်တန်းမှ သင်တန်းသားများ လက်နက်မပါဘဲ စစ်ဝတ်စုံဖြင့် သုံးယောက်တစ်စု၊ လေးယောက်တစ်စု ထွက်ပြေးလာနေကြသည်ကို ရော်ဘာခြံနှင့် တောထဲတွင် တွေ့နေရသည်ဟု သံဖြူဇရပ်ဒေသခံတို့ထံမှ သိရသည်။

“အချို့ကဖောင်စိန် ၆၂ တပ်ကနေထွက်ပြေးတာလို့ပြောတယ်။ သင်တန်းသားသစ်တွေလည်းပါတယ်။ ဘယ်နှစ်ယာက်လဲဆိုတော့တိတိကျကျမသိဘူး။ ခြံသမားတွေ ဒေသခံတွေ တွေ့နေတယ်။ သူတို့နယ်မဟုတ်ဘူးဆိုတော့ သွားလာလို့လည်းမတတ်ဘူး။ ပြန်ဖမ်းမိတာပဲ များတယ်” ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ရေးနှင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတို့မှ တပ်သား ထွက်ပြေးမှုများလည်း ရှိနေသည်ဟု ဆိုသည်။

စစ်မှုထမ်းသင်တန်းနှင့် တပ်တွင်းမှ တပ်သား ထွက်ပြေးမှု ဆက်တိုက်ဖြစ်ပွားလာနေသည့်အတွက် သင်တန်းကျောင်းနှင့် တပ်ရင်း၊ တပ်စခန်းတို့တွင် လုံခြုံရေး တင်းကြပ်ထားသည့်အပြင် ကျေးရွာအတွင်း၌လည်း တပ်ပြေးများ တွေ့ရှိပါက သတင်းပို့ရန် စစ်ကောင်စီက သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့ကို ညွှန်ကြားထားကြောင်းလည်း သိရသည်။

စစ်မှုထမ်းသင်တန်းနှင့် တပ်ရင်းတို့တွင် စားဝတ်နေရေးအခက်အခဲကြောင့် စစ်သင်တန်းတက်ရောက်နေသူ၊ စစ်သားအဖြစ် အဓမ္မစုဆောင်းခံထားရသူများနှင့် ပြစ်မှုတစ်စုံတစ်ရာကြောင့် ဖမ်းဆီးခံရသူတို့သာရှိနေခြင်းကြောင့် တပ်မှ ထွက်ပြေးသည့်ကိစ္စ ဖြစ်ပွားနေသည်ဟုလည်း အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတို့က ဆိုသည်။

၎င်းပြင် စစ်မှုထမ်းသင်တန်းကို နည်းစနစ်ကျကျပို့ချသည်မဟုတ်ဘဲ ရှေ့တန်းပို့ရန် စစ်သားအလျင်အမြန်စုဆောင်းနေခြင်းဖြစ်သဖြင့် စုဆောင်းခံရသူတို့ ရသည့်နည်းလမ်းဖြင့် စွန့်စားထွက်ပြေးနေကြသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်းဒေးရှင်းမှ ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

“Military Short-term training ကနေပြေးသလို ရှေ့တန်းအပို့ခံရပြီးနောက်ပိုင်း ပြေးတာလည်း ရှိတယ် အစကတည်းက by forced အတင်း train တော့ အဲလိုဖြစ်ကြတာများတယ် အဓိက လူငယ်တွေရိပ်မိတာက စစ်သင်တန်းကို အဖြစ်လောက်သာ run ပြီး ရှေ့တန်းကို အမြန်ပို့ကြတော့ သတ်ကွင်းကိုပို့နေတာလို့ သဘောပေါက်ကြတာဖြစ်နိုင်ပါမယ် သို့ပေမယ့်အရေအတွက်က confirm ရခက်တယ်” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် ရွှေ့ပြောင်းလုပ်သားများကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ ပြုလုပ်ပေးသည့် မှတ်ပုံတင်အတုဖြင့် စစ်သင်တန်းတက်ရောက်ရန် စည်းရုံးအသုံးပြုနေသည်မှာ လက်ရှိတွင် အပတ်စဉ် ၇ အထိရှိလာပြီးဖြစ်သည်ဟုလည်း သိရသည်။

BACS ၏အချက်အလက်အရ စစ်မှူးထမ်းသင်တန်းအပတ်စဉ် ၁ မှ အပတ်စဉ် ၅ အထိ လူဦးရေ ၂၁၀၀၀ ထက် မနည်း တပ်သားစုဆောင်းခံထားရပြီး၊ အပတ်စဉ် ၃ ခုက သင်တန်းဆင်းသူ တပ်သားဦးရေ ၁၃၀၀၀ ကျော် ရှေ့တန်းပို့ဆောင်ခံထားရကြောင်း အစီအရင်ခံစာအရသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts