Homeသတင်းဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာက လူငယ်အမျိုးသား ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာက လူငယ်အမျိုးသား ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာနေ လူငယ်အမျိုးသား ၂ ဦးကို စစ်ကောင်စီ တပ်က ယမန်နေ့၊ နေ့လယ်ပိုင်းအချိန်၌ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်၊ နေ့လယ် ၂ နာရီခွဲအချိန်ခန့်က သထုံ- ဘီးလင်းကားလမ်းမပေါ်၌ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တို့ ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် ဘီးလင်းမြို့မှ သထုံမြို့ဘက်သို့ ဆိုင်ကယ်စီး မောင်းနှင်လာသည့် ထိုလူငယ်နှစ်ဦးအား ရပ်တန့်စစ်ဆေး၍ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

“မနေ့က သူတို့ (စစ်ကောင်စီ) သတင်းရထားပြီးတော့ မြို့အဝင်အထွက်တွေကို ပိတ်ဆို့ စစ်ဆေးတာပေါ့၊ ဘီးလင်းကနေ သထုံဘက်ကို NCX 100 အစိမ်းရင့်ရောင် ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ယောက်ကို ပေါ်တော်မူ (ကျေးရွာ) လမ်းဆုံမှာပဲ စစ်ဆေးပြီး ဖမ်းလိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ဆက်သွယ်နေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူများသည် ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာနေ အောင်သူရ (ခ) အငယ်ကောင် ၂၁ နှစ်နှင့် အသက် ၂၀ ကျော် အခြားလူငယ်တစ်ဦးတို့ဖြစ်ကြောင်း အထက်ပါ ဒေသခံက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ဖမ်းဆီးထားသည့် လူငယ်အမျိုးသား ၂ ဦးကို သုဓမ္မဝတီနယ်မြေရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေပြီး မိသားစုဝင်များနှင့် အဆက်သွယ်ပြတ်နေသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts