spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တိုက်ပွဲပြင်းထန်နေ

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တိုက်ပွဲပြင်းထန်နေ

    -

    ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    အမ်းမြို့ကို AA က စက်တင်ဘာလ ၂၆ ရက်နေ့တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီ တပ်စခန်းများကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့သည်။

    အမ်းမြို့၏ အဓိက ကာကင်းခံစစ်စခန်းဖြစ်သည့် မဲတောင်ဗျူဟာ၊ ခြေမြန်တပ်ရင်း ခမရ ၃၇၃ နှင့် ကမ်းဒိတ်တောင်စခန်းတို့ကိုလည်း AA က အောက်တိုဘာလအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။

    “ဌာနချုပ်မှာ တိုက်ပွဲ ဖြစ်နေတယ်။ သူများတွေပြောနေတဲ့ ကျသွားပြီဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တိုက်နေပါပြီ။ ရန်သူဘက်ကလည်း လေကြောင်းကနေ လူတွေလာချနေပါတယ်” ဟု AA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    အမ်းမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃၊ ခမရ ၃၇၄၊ အမြှောက်တပ်ရင်းများ အစရှိသည့် တပ်ရင်း ၁၃ ခုထက်မနည်း အခြေစိုက်ထားသည်။

    အမ်းမြို့ကို စစ်ကူပို့နိုင်သည့် မင်းဘူး-ပဒါန်းလမ်းပိုင်းကိုလည်း AA က မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ဖြတ်တောက် ပိတ်ဆို့ထားသည်။

    စစ်ကောင်စီက ကုန်းလမ်းမှတဆင့် စစ်ကူမပို့နိုင်သည့်အတွက် နပခ မကျရေးကို လေကြောင်းဖြင့် အင်အားဖြည့်တင်းနေသလို လေကြောင်းပစ်ကူမှုဖြင့် တောက်လျှောက် ခုခံနေကြောင်း သိရသည်။

    လက်ရှိ အမ်းမြို့တိုက်ပွဲများတွင် ဒေသခံအချို့ ပိတ်မိနေသလို အချို့ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks