Homeသတင်းတော်လှန်ရေးအဖွဲ့များနှင့် ဆက်လက်လက်တွဲသွားမည်ဟု KIA ဥက္ကဌ ပြော

တော်လှန်ရေးအဖွဲ့များနှင့် ဆက်လက်လက်တွဲသွားမည်ဟု KIA ဥက္ကဌ ပြော

-

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်နေကြသည့် အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ဆက်လက် လက်တွဲကာ တော်လှန်ရေးကို ဖော်ဆောင်သွားမည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဥက္ကဌက ပြောသည်။

ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျရောက်သည့် KIA တည်ထောင်ခြင်း (၆၄) နှစ်မြောက် မိန့်ခွန်းတွင် KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

KIA အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပါရှိသည်။

၎င်းပြင် KIA အနေဖြင့် ကချင်ပြည်နယ်အတွင်းမှ လူမျိုးတူသည့် ကချင်ပြည်သူ့စစ်အဖွဲ့များကိုလည်း စစ်တပ်လက်အောက်မှ ထွက်ကာ အတူလျှောက်လှမ်းကြရန် ကမ်းလှမ်းထားသည်ဟုလည်း KIA ဥက္ကဌက ဆိုသည်။

လက်ရှိအချိန်သည် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် အားထုတ်ရန် အကောင်းဆုံးအခြေအနေ ဖြစ်သည့်အတွက် ခွန်အားပြည့်စုံသည့် လူငယ်များပါ တော်လှန်ရေးတွင် ပါဝင်သင့်ကြောင်းလည်း KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းထားသည်။

KIA ဘက်က လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အမှတ် ၁ စစ်ဒေသတွင် စစ်ရေးချုပ်အဖြစ် တာဝန်ယူထားသလို မြေပြင်တိုက်ပွဲများတွင်လည်း PDF တပ်ဖွဲ့များနှင့် ပူးပေါင်း စစ်ရေးဖော်ဆောင်နေသည်။

KIOnကို (Kachin Independence Organization) ကို ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကို ၁၉၆၁ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် တရားဝင်ဖွဲ့စည်းခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် မီဒီယာများက ဖော်ပြကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts