Thursday, March 19, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်-ရေးလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦး ဒဏ်ရာရ

    သံဖြူဇရပ်-ရေးလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြိုနယ်၊ အေးကမ္ဘာကျေးရွာအနီး သံဖြူဇရပ်-ရေးကားလမ်းတွင် အောက်တိုဘာလ ၇ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

    ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်ထွက်ခွာလာသည့် ရွှေစင်စင်္ကြာ ခရီးသည်တင်မှန်လုံယာဉ်တစ်စီးသည် အေးကမ္ဘာကျေးရွာအနီးအရောက်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

    ပစ်ခတ်ခံရမှုကြောင့် ခရီးသည်တင်မှန်လုံယာဉ်ပေါ် လိုက်ပါလာသည့် အသက် ၃၀ နှစ်အရွယ် မနွယ်ရီလင်း ရန်ကုန်တိုင်းဒေသကြီးနေသူတွင် ဝဲဘက်ပေါင်ရင်း လက်နက်ငယ်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက် ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

    ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကို လူမှုကူညီရေးအသင်းကားနဲ့ သံဖြူဇရပ်မြို့နယ်ဆေးရုံကို ပို့ဆောင်ပေးထားပြီး ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

    “ဘယ်အဖွဲ့က ပစ်တာလဲတော့ ကျွန်တော်တို့လည်း မသိဘူး။ ဒီဘက်မှာက စစ်သားတွေလည်း ရှိတယ်။ တော်လှန်ရေးဘက်ကလည်း ရှိနေတယ်ဆိုတော့လေ။ မပြောနိုင်ဘူး။ အဲလို အပစ်ခံနေရာတာက ခဏခဏဖြစ်နေတာပဲ။ ဘယ်က ပစ်သွားမှန်းလည်း မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်မှာတော့ ခရီးသည်တင်ယာဉ်ကို ကရင်အမျိုးသားအစည်းအရုံး KNU နှင့် PDF တို့က ပစ်ခတ်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

    ရွှေစင်စင်္ကြာ ခရီးသည်တင်မှန်လုံယာဉ်ပစ်ခတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဘက်က တစုံတရာထုတ်ပြန်ထားခြင်းမရှိသေးပေ။

    သံဖြူဇရပ်-ရေးကားလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း မကြာခဏတိုက်ခိုက်ခံနေရသည့်အပြင် ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်၊ အိမ်စီးကား၊ ဆိုင်ကယ်နှင့် လမ်းလျှောက်ဖြတ်သန်းသွားနေသူများ မကြာခဏပစ်ခတ်ခံရလေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks