Thursday, March 19, 2026
More
    spot_img
    Homeသတင်းလားရှိုးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးလအတွင်း သေဆုံးသူ ၃၀ ကျော်ရှိ

    လားရှိုးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးလအတွင်း သေဆုံးသူ ၃၀ ကျော်ရှိ

    -

    အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် သုံးလအတွင်း အရပ်သား ၃၁ ဦးထက်မနည်း သေဆုံးကြောင်း MNDAA က ထုတ်ပြန်သည်။

    ၂၀၂၄ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလအတွင်း လားရှိုးမြို့အပါအဝင် အထူးဒေသ (၁) လောက်ကိုင်နှင့် သိန္နီခရိုင်ကိုလည်း စစ်ကောင်စီက လေကြောင်းဖြင့် အနည်းဆုံး ၂၅ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

    စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် လူပေါင်း ၃၀ ကျော်သေဆုံးခဲ့ပြီး ၉၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    လားရှိုးမြို့ခံတစ်ဦးက “လေယာဉ် နေ့ဘက်မလာဘူး။ ညဘက်ပဲလာတော့ ကျွန်မတို့က ညဘက်ဆိုရင် မအိပ်ရဲဘူး။ ဒီရက်ထဲ လေယာဉ်က နေ့တိုင်းလာနေတော့လေ ဒီကနေ ပြန်ပြေးရတော့မလားပဲ စဉ်းစားနေရတယ်။ အခုဆိုရင် အရင်ရက်တွေကလိုမဟုတ်ဘူး။ စျေးဆိုလဲ သူတို့က သတ်မှတ်တဲ့အချိန်လောက်ပဲ သွားရတယ်။ လေကြောင်းကို ကြောက်ရလို့လေ” ဟု ပြောသည်။

    အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် လားရှိုးမြို့ကို MNDAA က သြဂုတ် ၃ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    လားရှိုးကို လက်လွှတ်ရပြီးနောက် စက်တင်ဘာလနှောင်းပိုင်းခန့်မှစတင်ကာ စစ်ကောင်စီက လားရှိုးမြို့ကို ပေါင် ၅၀၀ ဗုံးများဖြင့် နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေသည်။

    စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်များ၊ ဆေးရုံ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများနှင့် ဟိုတယ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

    တိုင်းရင်းသားလက်ကိုင်းများ၊ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လုပ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks