Homeသတင်းအာဏာသိမ်းကာလ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူ ၁၇၀၀ နီးပါးရှိ

အာဏာသိမ်းကာလ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူ ၁၇၀၀ နီးပါးရှိ

-

စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေးအဖွဲ့အစည်းကို ထောက်ခံအားပေးသည့် ရေးသား၊ ပြောဆိုဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁၆၉၁ ဦး ရှိသည်ဟု လွတ်လပ်သည့် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် Date for Myanmar က စက်တင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်သည်။

ဖမ်းဆီးခံရသူ ၁၆၉၁ ဦးတွင် အမျိုးသမီး ၆၁၃ ဦး ရာခိုင်နှုန်းအားဖြင့် ၆၃ ရာခိုင်နှုန်းရှိကာ၊ အမျိုးသား ၁၀၇၈ ဦး ပါဝင်သည်။

ဖမ်းဆီးခံရသူအများစုသည် ဖေ့ဘွတ်ပေါ် ရေးသားမျှဝေမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အခြား အွန်လိုင်းပလက်ဖောင်းများဖြစ်သည့် TikTok, Telegram, Viber တွင် ရေးသားမျှဝေမှုကြောင့် ဖမ်းဆီးခံရသူများလည်း ရှိသည်ဟု ဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း ဖမ်းဆီးခံရသူ ၂၀၂ ဦးရှိကြောင်း၊ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဆီးခံရသူ ဦးရေ သိသိသာသာများခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ဖမ်းဆီးခံရမှု လျော့ကျလာသည်ဟု ဖော်ပြပါရှိသည်။

ပျမ်းမျှအားဖြင့် အွန်လိုင်းအသုံးပြုသူ ၅၄ ဦးခန့် လစဉ်ဖမ်းဆီးခံနေရသည်ဟုလည်း Date for Myanmar က ထုတ်ပြန်ထားသည်။

အွန်လိုင်းပေါ် ရေးသားပြောဆိုမှုကို စစ်ကောင်စီက စောင့်ကြည့်ပြီး အရေးယူတာတွေရှိသလို မြေပြင်က လုံခြုံရေး စစ်ဆေးရေးဂိတ်တို့တွင် ဖုန်း စစ်ဆေးပြီး ဖမ်းဆီးအရေးယူတာတွေလည်း ရှိနေသည်။

စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်ကလည်း အွန်လိုင်းပေါ်က ပြောဆိုရေးသားမှုများကို စောင့်ကြည့်ပြီး ဖမ်းဆီးအရေးယူနိုင်အောင် ကိုယ်ရေးအချက်အလက်များ စုဆောင်းပေးပို့တာ၊ ဖိအားပေးတိုက်တွန်းတာ လုပ်ဆောင်နေသည်ဟု ဆိုသည်။

လူမှုကွန်ယက်ပေါ် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများနှင့် အရေးယူခံရမည်ဟု စစ်ကောင်စီက ၂၀၂၂ ခုနှစ်ဆန်းပိုင်းက သတင်းထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းနောက်ပိုင်း လူထုလှုပ်ရှားမှုအတွက် အရေးပါသည့် လူမှုကွန်ယက်နှင့် အွန်လိုင်းပလက်ဖောင်းများကို ထိန်းချုပ်ရန် စစ်ကောင်စီက အမျိုးမျိုးကြိုးပမ်းခဲ့ပြီး အင်တာနက်ဖြတ်တောက်တာ အင်အာနက်ဝဘ်ဆိုဒ်စာမျက်နှာများကို ပိတ်ပင်တာအပြင် ဖေ့ဘွတ်လို လူသုံးများသည့် လူမှုကွန်ယက်ပလက်ဖောင်းများကို အသုံးမပြုနိုင်အောင် ပိတ်ပင်တာတွေလည်း လုပ်ဆောင်နေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts