spot_img
Saturday, October 12, 2024
More
    spot_img
    HomeVox Popမွန်ညီညွတ်ရေးပါတီ (MUP) အပေါ် မွန်လူထု သဘောထား

    မွန်ညီညွတ်ရေးပါတီ (MUP) အပေါ် မွန်လူထု သဘောထား

    -

    စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မွန်ညီညွတ်ရေးပါတီကို ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့် အညီ မှတ်ပုံတင်ခွင့်ပြုလိုက်သည်။

    စစ်ကောင်စီနှင့် ၎င်းတို့ ကျင်းပမည့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး ဆန့်ကျင်နေသည့်ချိန်တွင် မှတ်ပုံတင်ခွင့်ရပြီး စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းသွားမည့်သဘောရှိနေသည့် မွန်ညီညွတ်ရေးပါတီကို မွန်ပြည်သူလူထုတို့အကြား ဝေဖန်ပြောဆိုမှုလည်းရှိနေသည်။ မွန်ညီညွတ်ရေးပါတီအပေါ် မွန်လူငယ်နှင့် မွန်ပြည်သူလူထုတို့၏သဘောထူးကို ကောက်နှုတ်တင်ပြထားသည်။

    လူမှုအဖွဲ့အစည်းတစ်ခုမှ မွန်လူငယ်တစ်ဦး

    “ကျနော့်အနေနဲ့ မကြိုဆိုဘူး၊ အပြည့်အဝဆန့်ကျင်တယ်လို့ ပြောချင်တယ်၊
    စစ်အာဏာသိမ်းပြီးကတည်းက မွန်နိုင်ငံရေးပါတီ MUP က မွန်ပြည်သူလူထုတွေရဲ့ စကားသံကို နားမထောင်ဘူး၊ ကျနော်တို့လူငယ်ရဲ့အသံကိုလည်းနားမထောင်ဘူး၊ အခုလက်တွေ့ ကြုံတွေ့နေရတာက ကျနော်တို့အပေါ်ကို ဘာမှကာကွယ်မှုမပေးနိုင်ဘူး၊ ဓမ္မသမီးလောင်တဲ့ကိစ္စ အဲ့နေရာက သူတို့မဲဆွယ်လာရောက်ဖူးတဲ့နေဖြစ်ပေမဲ့ ကာကွယ်မပေးနိုင်ဘူး၊ ဝိုင်းဝန်မပြောဆိုပေးနိုင်ဘူး၊ သူတို့အနေနဲ့ ပြည်သူတွေအပေါ် ဝန်ဆောင်မှုအပြည့်အဝမပေးနိုင်ဘူး၊ အခုလို နိုင်ငံရေးမှတ်ပုံတင်ခွင့်ဆင်းလာတဲ့အပေါ် မွန်လူငယ်အနေနဲ့ လက်မခံဘူး ကြိုဆိုဘူး၊ ပုံစံမျိုးစံ ဆန့်ကျင်သွားမယ်လို့လည်း ပြောချင်တယ်၊ ရွေးကောက်ပွဲ ကျင်းပလာရင်လည်း ဒီနိုင်ငံရေးပြဿကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး၊ ဘာလို့ဆို လက်နက်ကိုင်တော်လှန်မှုက အင်အားကြီးနေပြီးတော့ စားပွဲပေါ်မှာ တရားဝင်ဆွေးနွေးတာက မွန်လူမျိုးတွေအပါအဝင် တစ်နိုင်ငံလုံးက မကြိုက်ကြဘူး၊ ဒါမဲ့ ရွေးကောက်ပွဲကတော့ ဖြစ်မြောက်လာမယ်လို့ထင်တယ်”

    ရေးဒေသခံလူငယ်တစ်ဦး

    “MUP မှတ်ပုံတင်ခွင့် ရတဲ့အပေါ် ကျနော်တို့မှာ အမြင် ၂ မျိုးရှိတယ်၊ အခုလိုနိုင်ငံရေး စစ်ရေးရှုပ်ထွေးနေတဲ့အချိန်မှာ တစ်ချက်ရပ်တန့်ဖို့နည်းနဲ့ ဒီလိုအခွင့်အရေးပေးတာလား၊ မဟုတ်ရင် မွန်တွေကို နေရာတစ်နေရာပေးပြီး တိုက်ပွဲငြိမ်သက်သွားစေဖို့ လုပ်နေတာလားပေါ့၊ ကျနော်တို့မွန်မှာ အဲလိုနေရာရဖို့မရှိသေးပေမဲ့ အခုလိုအချိန်မှာ အရမ်းသဘောတူတာတော့မရှိပါဘူး၊ ကျနော်တို့ရည်ရွယ်ချက်က မွန်လူငယ်တွေ တော်လှန်ရေးထဲပါဝင်ဖို့ပါပဲ”

    ပြည်ပရောက် မွန်လူငယ်တစ်ဦး

    “MUP မှတ်ပုံခွင့်ရတာနဲ့ပတ်သတ်ပြီး ဘယ်လိုသဘော ရှိမရှိမေးလာတဲ့အပေါ်မှာ၊ ဒီမေးခွန်းကိုပဲသူတို့ကို ပြန်မေးလိုက်ချင်တယ်၊ AD အဖွဲ့နဲ့ အခြား မွန်တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ MNA, MSDF,MSRF တွေတိုက်ပွဲဝင်နေတဲ့အချိန်မှာ သူတို့(MUP) အနေနဲ့ ဘယ်လိုသဘောရပါသလဲ ၊ ပြောချင်တဲ့အဓိပ္ပါယ်ကဒီအချိန်မှာ အခြားတိုင်းရင်းသားတွေ ဖြစ်သလိုမျိုး ကိုယ်လည်းလိုက်ဖြစ်ရမယ်၊ တိုင်းရင်းသားတွေက တိုက်ပွဲဝင်တယ်၊ လက်နက်ကိုင်တယ်။ ကျနော်တို့ ဘာဖြစ်လို့ မှိုင်နေရတာလဲ ကိုယ့်ပါတီတွေ ဘာလို့တိုက်ပွဲမဝင်လဲ။ အခုဒီကာလ ဒီအခြေအနေမှာဆိုရင် တော်လှန်ရေးအဖွဲတို့တွအများကြီးဖြစ်လာတယ်။ မွန်ရော အခြားတိုင်းရင်းသားတွေရော။ ရခိုင်၊ ကချင်နဲ့ ကရင်တွေဆိုသူတို့နည်းနဲ့ သူတို့ တိုက်ပွဲဝင်ကြတယ်။ သူတို့တွေမှာလည်း နိုင်ငံရေးပါတီတွေမရှိဘူးလားဆိုတော့ ရှိတယ်၊ စားပွဲဝိုင်းပေါ်မှလည်းလုပ်တယ် တော်လှန်းရေးဘက်ကိုလည်း သူတို့လက်မလျှော့ဘူး။ ဒီလိုအကြောင်းအရာတွေကိုရင်တော့ ကျနော်တို့တစ်ယောက်တည်းပဲ ခွဲထွက်သွားတာမျိုးတော့ မဖြစ်သင့်ဘူး။ ယနေ့နိုင်ငံရေးအချိုးအကွေ့မှာ နှစ်လမ်းလုံးအတူတူသွားသင့်တယ်”

    သံဖြူဇရပ်မြို့မှ မွန်လုပ်ငန်းရှင်တစ်ဦး

    “ရွေးကောက်ပွဲကဒီလိုပဲအတင်းလုပ်ယူရင်တော့ ဖြစ်လာနိုင်တာပေါ့လေ၊ ကြိုစားမယ် ဖြတ်လမ်းကနေလုပ်မယ်ဆိုရင်တော့ ဖြစ်လာနိုင်တယ်ပေါ့၊ နောက်ပြီးရွေးကောက်ပွဲပြီးသွားရင် ကျနော်တို့နိုင်ငံရေးပြဿနာက တဖက်တော့ပြီးသွားမယ်လို့ထင်တယ်၊ ဒါပေမဲ့ ကောင်းကောင်းနဲ့ပြီးသွားတာမျိုး မဟုတ်ဘူး တဖက်သက်အတွက်ပဲ လုပ်တယ်လို့ မြင်တယ်။ ပါတီတွေကို ပြောရရင်လည်း ပါတီသေသေချာတွေလည်း ဝင်မပြိုင်ဘူး။ အခုကလည်း တဖက်သားပဲ လှုပ်ရှာနေတယ်။ ပြီးတော့ ပြောရမယ်ဆိုရင် စစ်ကောင်စီဘက် အာဏာရထားတာ ၁၀၀% အပြည့် လုပ်ပေးနိုင်တာမရှိဘူးလို့မြင်တယ်။ သူတို့လုပ်ရင်လည်း ကိုယ်ပိုင်ပုဒ်နဲ့ပဲ သူတို့သွားမယ်။ စစ်တပ်က သူတို့ရဲ့ နည်းလမ်းနဲ့ပဲ သူတို့လုပ်မယ်။ ဒီမိုကရေစီ နည်းကျကျနဲ့တော့ balancing ကျကျနဲ့တော့ သူတို့မလုပ်နိုင်ဘူး။ ရွှေးကောက်ပွဲမလုပ်ခင်ကတည်းက ပြည်သူလူထုတွေက အခုကတည်းက အခက်အခဲတွေကြုံနေရတာ၊ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်လည်း ပြည်သူတွေ သူတို့ရဲ့ကိုယ်ပိုင် အခက်အခဲထဲမှာ ရုန်းကန်နေရတော့ ဒီပွဲအတွက်ကို အပြည့်အဝ စိတ်မဝင်စားနိုင်လောက်ဘူး။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    28,400SubscribersSubscribe
    spot_img

    Latest posts