Homeသတင်းသံဖြူဇရပ်တွင် သုံးပတ်အတွင်း မြေမြုပ်မိုင်းနင်းမိမှု ၆ ကြိမ်ထက်မနည်းဖြစ်ပွား

သံဖြူဇရပ်တွင် သုံးပတ်အတွင်း မြေမြုပ်မိုင်းနင်းမိမှု ၆ ကြိမ်ထက်မနည်းဖြစ်ပွား

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ဩဂုတ်လ ၂၂ ရက်နေ့မှ စက်တင်လာလ ၁၀ ရက်နေ့ထိ မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှု ၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ အတွင်းစခန်းကြီကျေးရွာတွင် အသက် ၃၅ နှစ်အရွယ် ကိုဗထူးဆိုသူသည် ရော်ဘာခြံသို့ သွားစဉ် မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကိုဗထူးသည် ပြင်းထန်ဒဏ်ရာရရှိပြီး သံဖြူဇရပ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသည်။

ဩဂုတ်လနောက်ဆုံးအပတ်နှင့် စက်တင်ဘာလအတွင်းတွင် သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်းကျေးရွာအနီးဝန်းကျင် ရော်ဘာခြံတွင် အမျိုးသားသုံးဦး မြေမြုပ်မိုင်းနင်းမိပြီး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည်။

၎င်းပြင် သံဖြူဇရပ်မြို့နယ်၊ အောင်သာယာကျေးရွာတွင်လည်း ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိသေးသည်။

မြေမြုပ်မိုင်းနင်းမိသူများသည် ရွာအနီးနားတဝိုက်ရှိ ရော်ဘာခြံသွားရင်းနင်းမိသူများရှိသလို တောထဲ တောင်ထဲ ထင်း၊ ဝဥ သွားရှာရင်း နင်းမိသည်လည်း ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

သံဖြူဇရပ်မြို့နယ်အတွင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် ဒေသခံများ စိုးရိမ်ကြောင်ရွံ့နေကြပြီး တောထဲ တောင်ထဲသွား အလုပ်လုပ်ရန်လည်း အခက်အခဲရှိနေကြသည်။

မွန်ပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြေမြုပ်မိုင်းနင်းမိပေါက်ကွဲသည့်ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားလာပြီး အထူးသဖြင့် စစ်ရေးတင်းမာနေသည့် ရေး၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်အတွင်းက ဒေသခံများ မြေမြုပ်မိုင်းအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရကြသည်။

ပြည်နယ်အတွင်း မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှုအရပ်သား သေဆုံးမှုရှိသလို ခြေထောက်ပြတ်တောက်တာ၊ ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts