Homeသတင်းရေးမြို့တွင် အမျိုးသမီး ၂ ဦး အပါအဝင် ဒေသခံ ၅ ဦး ဖမ်းဆီးခံရ

ရေးမြို့တွင် အမျိုးသမီး ၂ ဦး အပါအဝင် ဒေသခံ ၅ ဦး ဖမ်းဆီးခံရ

-

မွန်ပြည်နယ်၊ ရေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ ထောက်ပို့နေသည်ဆိုသည့်အကြောင်းပြချက်ဖြင့် အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ၅ ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့က ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးနှင့် အသက် ၄၅ နှစ်အရွယ် ကိုအောင်မောင်းတို့ကို ဖမ်းဆီးခေါ်ဆောင်ပြီးနောက် ရန်မျိုးအောင်ရပ်ကွက်နေ ကိုသူရိန်စိုးကိုလည်း စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်။

ယမန်နေ့ (စက်တင်ဘာလ ၁၁ ရက်) တွင်လည်း ရန်မျိုးအောင်ရပ်ကွက်ရှိ ဈေးဆိုင်တစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေသည့် ဒေသခံအမျိုးသမီးနှစ်ဦးကိုလည်း စစ်ကောင်စီက ထပ်မံ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

“တပ်က ၅ ယောက် လာဖမ်းသွားတယ်။ ပထမဆုံးတစ်ယောက်ကတော့ ဧရာဝတီဘဏ် အနောက်ကကောင်လေးကို အရင်ဖမ်းသွားတယ်၊ ဖမ်းပြီးတာနဲ့ ရန်ကြီးအောင်ရပ်ကွက်နေ ကိုအောင်မောင်းကို ဖမ်းတယ်။ ပြီးမှ နောက်ထပ် ရန်မျိုးအောင်ရပ်ကွက်က ကောင်လေး တစ်ယောက်ကို ထပ်ဖမ်းတယ်။ နောက်တစ်နေ့ မနက်မှာမှ အဲဒီကောင်မလေးတွေကို လာဖမ်းသွားတယ်” ဟု အမည်မဖော်လိုသည့် ရေးမြို့၊ အောင်မေတ္တာရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခြင်းခံရသည့် အဆိုပါ ဒေသခံ ၅ ဦးသည် PDF ထံ ထောက်ပို့ပြုလုပ်နေသည်ဟု သတင်းရရှိထားသဖြင့် နေအိမ်အထိ ဝင်ရောက်လာကာ ဖုန်းစစ်ဆေးမှုပြုလုပ်ပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ဟု ၎င်းက ထပ်ပြောသည်။

ထိုနောက် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို သတင်းမရရှိဘဲ လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်နေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရေးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပြန်လည်ဝင် ရောက်မည်ဟု သတင်းရရှိထားခြင်းကြောင့် သံသယရှိသည့်ရပ်ကွက်များအတွင်း ဧည့်စာရင်း လိုက်လံစစ်ဆေးခြင်း၊ မသကာႅသည့် လူငယ်များကိုလည်း ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်လာသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

နိုင်ငံရေး အကျဥ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အစီးရင်ခံစာအရ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းချိန်မှ ယနေ့အထိ မွန်ပြည်နယ်တွင် ပြည်သူ (၈၀၀) ကျော်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း (၂၀၀) ကျော် ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts