Homeသတင်းမန္တလေးမြို့ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ

မန္တလေးမြို့ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ

-

မန္တလေးမြို့တွင် ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက်အစောပိုင်းက ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ခံရပြီး လူနေအိမ်တချို့အပေါ် ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင်ရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရှော့တိုက်ဒုံးသည် မန္တလေးမြို့၊ ကျုံးမြို့ရိုး မြောက်ဘက်ခြမ်းရှိ ရပ်ကွက်အချို့ရှိ လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ခံတစ်ဦးက “အခုဖြစ်တဲ့နေရာနဲ့တော့ နဲနဲလှမ်းတယ်။ ဒါပေမဲ့ အကျယ်ကြီးကြားရတယ်။ ကျွန်မတို့ဘက်ကနေလေ။ ကလေးတွေလဲ ကြောက်လို့ငိုကြတာပေါ့။ မနက်ကျတော့ လူတစ်ယောက်အရေးပေါ် ထိထားတယ်လို့ကြားရတယ်။ အဲဒီနားမှာတော့ စစ်တပ်က လုံခြုံရေးယူထားတော့ သွားကြည့်လို့မရဘူး” ဟု ပြောသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အပြင် စစ်ကောင်စီ၏ ဂိတ်စခန်းအချို့ကိုပါ တိုက်ခိုက်ခဲ့ပြီး ပြည်သူအိမ်တစ်လုံး ထိမှန်ခဲ့ကြောင်း BWM က ထုတ်ပြန်ထားသည်။

သြဂုတ်လကုန်ပိုင်းက စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်ကိုယ်တိုင် မန္တလေးမြို့သို့ လာရောက်ပြီးနောက် မန္တလေးမြို့ ပထမဆုံးအကြိမ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts