spot_img
Tuesday, February 11, 2025
More
    spot_img
    Homeသတင်းဖြူးတွင် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရဟန်းတစ်ပါး ပျံလွန်တော်မူ ၇ ဦး ဒဏ်ရာရ

    ဖြူးတွင် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရဟန်းတစ်ပါး ပျံလွန်တော်မူ ၇ ဦး ဒဏ်ရာရ

    -

    ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဖြူးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရဟန်းတစ်ပါး ပျံလွန်တော်မူပြီး၊ ၇ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။

    ဖြူးမြို့အရှေ့ လိပ်ပေါက်ကျေးရွာအနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် စစ်ကောင်စီ တပ်တို့ သြဂုတ်လ ၁၇ မှ ၁၉ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

    ထိုတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ ခမရ-၄၃၉ တပ်ရင်းမှ ကုန်းအင်းတောင်ကျေးရွာ၊ ကုန်းအင်း အနောက်ကျေးရွာ၊ ကုန်းအင်းအရှေ့ကျေးရွာ၊ ဆက်ကုန်းကျေးရွာ၊ ဆင်တဲကုန်းကျေးရွာနှင့် သပြေခင်ကျေးရွာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    သြဂုတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က စစ်ကောင်စီတပ် ခမရ-၄၃၉ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် အိမ်ပင်သာရွာဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။

    ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရဟန်းတစ်ပါး ပျံလွန်တော်မူပြီး ကိုရင်တစ်ပါးနှင့် ရွာသားတစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

    ၎င်းပြင် သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်ကလည်း စစ်ကောင်စီတပ် ခမရ-၅၉၉ တပ်ရင်းမှ ကျွန်းတောကျေးရွာထဲကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့သည်။

    လက်နက်ကြီးသည် ကျွန်းတောရွာ စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသား နှစ်ဦး၊ ကျောင်းသူ ၃ ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟု ဆိုသည်။

    စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်ကုန်းအင်းတောင်ကျေးရွာ၊ ကုန်းအင်း အနောက်ကျေးရွာ၊ ကုန်းအင်းအရှေ့ကျေးရွာ၊ ဆက်ကုန်းကျေးရွာ၊ ဆင်တဲကုန်းကျေးရွာနှင့် သပြေခင်ကျေးရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု KNU က ထုတ်ပြန်ထားသည်။

    #photocredit_𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,800SubscribersSubscribe
    spot_img

    Latest posts