spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီနှင့်နည်းတူ တော်လှန်ရေးအဖွဲ့တို့မှလည်း ပြည်သူတို့အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်နေ

    စစ်ကောင်စီနှင့်နည်းတူ တော်လှန်ရေးအဖွဲ့တို့မှလည်း ပြည်သူတို့အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်နေ

    -

    စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်နေကြသည့်ကာလအတွင်း တော်လှန်ရေးအဖွဲ့ဝင်များ ပြည်သူတို့အပေါ် မတရားသတ်ဖြတ်ပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကျူးလွန်နေသည်ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ ပြောကြားချက်အရ သိရသည်။

    မွန်ပြည်လူ့အခွင်းအရေးဖောင်ဒေးရှင်မှ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်စုဆောင်းနေသည့် မွန်၊ ကရင်၊ တနင်္သာရီတို့တွင် စစ်ရေးအခြေအနေအရ ပြည်သူတို့၏ အခွင့်အရေးချိုးဖောက်မှု၊ သတင်းအချက်အလက်မှားယွင်းမှုကြောင့် ဒလန်အဖြစ်စွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်မှု၊ ခရီးသွားလာသူတို့ကိုငွေကြေးအဆမတန်တောင်းခံမှု၊ ရန်ငြိုးကြောင့် ရည်ရွယ်ချက်ရှိရှိကျူးလွန်ခြင်း၊ ပြည်သူတို့၏သွားလာခွင့် ကန့်သတ်ပိတ်ပင်ခြင်းနှင့် မြေမြှုပ်မိုင်းထောင်ခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

    ယခုရက်ပိုင်းအတွင်း ထားဝယ်ဒေသရှိ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့မှ မောင်းမကန်ကျေးရွာတွင်လက်နက်ကြီးဖြင့် ပစ်ခတ်မှုအပြင် ဒေသခံတို့၏ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးနေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ နိုင်အဲမွန်က ဆိုသည်။

    “ပဋိပက္ခဖြစ်ပွားနေမှုနဲ့ စစ်ရေးအခြေအနေအရ ချိုးဖောက်ခံရတာ များတယ်။ ထားဝယ်ဘက်မှာတော်လှန်ရေးအဖွဲ့တစ်ဖွဲ့က မောင်မကန်ကျေးရွာဘက် လက်နက်ကြီးပစ်ခတ်ပြီးနေအိမ်မီးရှို့ခဲ့တာရှိတယ်။ ကျတော်တို့ဘက်လည်းစုံစမ်းနေတုန်းသူတို့မီးရှို့လိုက်တဲ့အိမ်က စကစသတင်းပေး သူလား၊ မဟုတ်ရင်သာမန်ဒေသခံအိမ်လား၊ သူတို့ရန်သူလားဆိုတာကို သတိထားရမယ်တွေ၊ လက်နက်ကိုင်ထားတော့ information မှားလို့ကျူးလွန်မိတာ၊ ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်မိကြတာနောက်တစ်ခု က ကိုယ့်ကိုကိုယ်အာဏာ ရှိတယ်လို့ မြင်သွားကြတော့ ပြည်သူတွေအပေါ် ကျူးလွန်တယ်လာတယ်၊”ဟု ၎င်းကပြောသည်။

    ဒါ့အပြင် ပြီးခဲ့သည့် မတ်လတွင် သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာမှအပြစ်မဲ့ အရပ်သားပြည်သူ ၄ ဦးကို စစ်ကောင်စီနှင့် ဆက်သွယ်နေသည်ဟု စွပ်စွဲပြီး တောင်ညိုစစ်ကြောင်းမှတော်လှန်အဖွဲ့တို့က ဖမ်းဆီးသတ်ဖြတ်ထားသည့်အပေါ် နစ်နာသူ မိသားစုအနေဖြင့် လက်ရှိအချိန်ထိ မျှတသည့်အမှန်တရားမရသေးကြောင်း နိုင်အဲမွန်က ဆက်ပြောသည်။

    “နစ်နာသူမိသားစုကက တိုင်ကြားတာတွေလုပ်ဆောင်ခဲ့ပေမယ့် ဒီကနေ့အချိန်ထိ တရားမျှတမှုမရခဲ့ကြဘူး၊ ဒီကိစ္စကနစ်နာသူမိသားစုတွေကိုလည်း လုံခြုံရေးအရ လွတ်လွတ်လပ်လပ် မပြောဆိုနိုင်တော့ သူတို့ဘက်ကတော့သူတို့လူကိုတော့အရေးယူလုပ်ဆောင်ခဲ့တာရှိပေမဲ့ ဒီကိစ္စကပေါ်ပေါ် ထင်ထင်နဲ့ သူတို့အဖွဲ့ကသူကိုအရေးယူပေးနေတာတော့မတွေ့ရပါဘူး၊ လိုင်ကနေပဲကြားသိ ရခဲ့တယ် ကျတော်တို့ဘက်ကလည်း တတ်နိင်သလောက် မှတ်တမ်းမှတ်ရစုစည်းထားတယ်၊ ၊နောင်မှာ အမှန်တရား အတွက် ပြန်လည် အရေးယူပေးမှာပါ၊ သူတို့ဘက်ကသူတို့အရေးယူထုတ်ပြန်တာရှိပေမဲ့ အဲ့လို ကျူးလွန်ခဲ့တဲ့အပေါ်မှာက ဒီအတိုင်းပြီးသွားလို့မရဘူးပေါ့နော်၊ ကျတော်တို့လူ့အခွင့်အဖွဲ့ကနေလည်း အဲ့လိုလုပ်တဲ့သူအဖွဲ့တို့ကို တာဝန်ယူ ပေးဖို့နဲ့ နောက်ထပ်အဲ့လိုမမှားယွင်းအောင် ထုတ်ပြန်ပြောဆိုခဲ့တာရှိတယ် ”ဟုပြောသည်။

    သို့သော် မွန်၊ကရင်နှင့် တနင်္သာရီဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကျူးလွန်နေမှု၏ ၉၇ ရာခိုင်နှုန်းခန့်သည် စစ်ကောင်စီအဖွဲ့မှ လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ဆက်ပြောသည်။

    အထူးသဖြင့် လူ့အခွင့်အရေးအဖွဲ့နှင့် သတင်းမီဒီယာတို့အချက်အလက်ရရှိရန်ခက်ခဲသည့် ထားဝယ်တောင်ဘက်ပိုင်းဒေသတွင် စစ်ကောင်စီအဖွဲ့မှ စစ်ကြောင်းထိုးစဉ် ဒေသခံတို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး သတင်းအစအန ပျောက်ဆုံးကာ အသက်သေဆုံးမှုတို့များနေခြင်းကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးဖြစ်ပွားနေသည်ဟု သိရသည်။

    မွန်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ ခြောက်လအတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုတို့ကြောင့် အရပ်သား ၉၃ ယောက် သတ်ဖြတ်ခံရသလို ၁၇၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ်ပါဝင်မှု ၁၅ ရာခိုင်နှုန်း ရှိလာခဲ့သည်။

    ပုံ- တောင်ညိုစစ်ကြောင်းမှ မှားယွင်းသတ်ဖြတ်မှုကြောင့် အသက်သေဆုံးသွားသူ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks