Homeသတင်းရေးမြို့နယ်မှ ကွမ်းသီးနုဈေးနှုန်း မတည်ငြိမ်နေ

ရေးမြို့နယ်မှ ကွမ်းသီးနုဈေးနှုန်း မတည်ငြိမ်နေ

-

မွန်ပြည်နယ် ရေးမြို့နယ်တွင် ယခုသြဂုတ်လအတွင်း ကွမ်းသီးနု ဈေးနှုန်းတည်ငြိမ်မှုမရှိဘဲ အကျဘက်သို့အနည်းငယ်ရောက်ရှိနေသည်ဟု ကွမ်းသီးနုရောင်းဝယ်သူတို့မှ သိရသည်။

ကွမ်းသီးနုဈေးကွက်တွင် အဓိကဝယ်ယူနေသည့် တရုတ်ကုမ္မဏီများ အကန့်သတ်ဖြင့် ဝယ်ယူနေခြင်းကြောင့် တစ်ဆင့်ခံဒိုင်မှအဝယ်နည်းလာပြီး ဈေးနှုန်းကျလာသည်ဟု ကွမ်းသီးတင်ပို့ရောင်းဝယ်သူတို့မှ သိရသည်။

ဇူလိုင်လအစပိုင်းတွင် ကွမ်းသီးအနုတစ်လုံးလျှင် ၁၀၀ကျပ်ဝန်းကျင်၊ တစ်ပိဿလျှင် ၇၄၀၀ ကျပ်အထိရှိပြီး လက်ရှိအချိန်တွင် တစ်လုံးလျှင် ၆၀ နှင့် ၈၀ ကြား၊ တစ်ပိဿာ ၆၀၀ ကျော်သာရှိနေသည်ဟု ကွမ်းသီးရောင်းဝယ်သူတို့မှ သိရသည်။

“ကျွန်တော်တို့ရွာမှာ ကွမ်းသီးဈေး ၆၃၀၀ ကျပ်နှင့်ပဲ ဝယ်ယူနေရတယ်။ ဇူလိုင်လအစပိုင်းကဆို ၇၄၀၀ ကျပ်အထိရှိတယ်။ ဈေးနည်းနည်းနဲ့ ဝယ်နေတာကတော့ သူတို့ရုံမှာ ကွမ်းကများပြီး အကန့်အသတ်ကျော်နေပြီးလေ။ အဲဒီတော့ သူတို့ ကွမ်းသီးတွေကို ကန်သန့်ထိန်းသိမ်းချင်လို့။ ဒါကြောင့် ဈေးလျှော့ပေးပြီး ဝယ်နေတာ” ဟု ရေးမြို့ကွမ်းသီး ရောင်းဝယ်နေသူတစ်ဦးက ဆိုသည်။

ကွမ်းသီးဈေးကွက်တွင် ပြီးခဲ့သည့် ဇူလိုင်လနှင့် ယခု သြဂုတ်လအတွင်း တစ်ပတ်နှင့်တစ်ပတ် ဈေးအပြောင်းအလဲမြန်နေပြီး တစ်ပိဿလျှင် ၇၄၀၀ ကျပ် မှ ၅၈၀၀ ကျပ်၊ ၅၈၀၀ ကျပ် မှ ၆၂၀၀ ကျပ်သို့ အပြောင်းအလဲရှိနေခြင်းကြောင့် ကွမ်းသီးရောင်းဝယ်သူတို့အနေဖြင့် အခက်အခဲတချို့ရင်ဆိုင်နေရသည်ဟု သိရသည်။

“တချို့ဒိုင်တွေက သူတို့(တရုတ်) ဝယ်ယူနေတဲ့ ပမာထက်ပိုပြီး ရောင်းတယ်၊ သူတို့ကဈေးလျှော့ပြီး ကွမ်းသီးအနု အကုန်လုံးအတွက် မပေးဘူးလေ ယူပြန်လာရတယ်။ အဲတော့ ရှုံးတာပေါ့။ ပြီးရင် တစ်ခါတလေ သူတို့ကအကြွေးနဲ့ပဲ ဝယ်ထားလိုက်တယ်။ ပြီးရင် အဲဒီအကြွေးတွေ ပြန်မဆပ်ပေးသေးတာလဲရှိတယ်” ဟု ဒူယာရွာမှ ကွမ်းရောင်းဝယ်နေသူတစ်ဦးက ပြောသည်။

တရုတ်ကုမ္ပဏီတို့တွင် လိုအပ်သည့်ပမာဏအတိုင်း ကွမ်းသီးအလုံအလောက်ရှိနေခြင်းကြောင့် ဈေးနှုန်းထပ်ကျမည်ကို ရေးဒေသခံတို့စိုးရိမ်လျှက်ရှိသည်။

ပြီးခဲ့သည့် ဇွန်လမှစ၍ ကွန်းသီးနု ဝယ်လိုအားများပြီး အရောင်းအဝယ်ကောင်းနေချိန်တွင် ရေးမြို့နယ်နေရာအချို့ စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေကြောင့် အသီးခူးဆွတ်ရန် ခက်ခဲနေရှိနေသည်ဟု သိရသည်။

မွန်ပြည်နယ်တွင် ရေးမြို့နယ်သည် ကွမ်းသီးအဓိက စိုက်ပျိုးသည့်ဒေသတစ်ခုဖြစ်ပြီး ကွမ်းသီးစိုက်ပျိုးဧကသိန်းနှင့်ချီရှိကာ ပြည်တွင်းသာမက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်သို့လည်းအဓိက တင်ပို့နေသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts