spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းမွန်-တနင်္သာရီ အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်

    မွန်-တနင်္သာရီ အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်

    -

    မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးကို ဆက်သွယ်ထားသည့် အမှတ် (၈) ပြည်ထောင်လမ်းပိုင်း သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်းနှင့် ကော့သောင်း-ဘုတ်ပြင်းလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကန့်သတ်ထားသည်။

    တိုက်ပွဲဖြစ်ပွားနေသည့်အတွက် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းကို ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး ယာယီပိတ်ထားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ် မြိတ်ခရိုင်တပ်ရင်း ၂ က ထုတ်ပြန်ထားသည်။

    သံဖြူဇရပ်-ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတလျှောက် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်နေပြီး တိုက်ပွဲလည်း ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် လမ်းပိုင်းအချို့ကို ပိတ်ထားရခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

    “ရေဖြူဘက်၊ တနင်္သာရီတွေဘက်မှာတော့ အရင်ကထက် အင်အားဖြည်းတင်းလာနေရတယ်။ အဲကြောင့် အခုက ရေဖြူရော၊ ကော့သောင်းရော အဲပုလောဘက်တို့မှာလည်း တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတယ်။ ပြောရမယ်ဆိုရင် တနင်္သာရီဘက် နေရာတော်တော်များများက သူတို့ (စစ်ကောင်စီ) အစွမ်းကုန် စစ်ရေးလှုပ်ရှားနေတယ်။ အဲကြောင့် တော်လှန်ရေးအဖွဲ့တွေက တချို့နေရာတွေကို ပိတ်ထားရတာ” ဟု တော်လှန်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

    အလားတူ သံဖြူဇရပ်-ရေး-ထားဝယ် လမ်းပိုင်းကိုလည်း ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခွင့်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဩဂုတ်လ ၅ ရက်နေ့ကစပြီး ကန့်သတ်ထားသည်။

    ကားလမ်းပိုင်းတလျှောက် အသွားအလာကန့်သတ်လာသည့်အတွက် ဖြတ်သန်းသွားလာနေရသည့် ဒေသခံတို့အတွက် ရေရှည်တွင် အခက်အခဲရှိလာနိုင်သည်ဟု ဒေသခံတို့က ပြောသည်။

    “ဖြစ်နိုင်ရင် တိုက်ပွဲဖြစ်ပွားတာတွေ မရှိဘဲနဲ့ လမ်းတွေကို မပေးပိတ်စေချင်ဘူး။ လမ်းတွေပိတ် ထားရင် ပြည်သူတွေက တအားဒုက္ခရောက်တယ်၊ သွားရလာရတာ။ တိုက်ပွဲဖော်ဆောင်လို့ ပိတ်လိုက်တာက မပြောလိုပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

    တော်လှန်ရေးတပ်ဖွဲ့တို့ စိုးမိုးထိန်းချုပ်ထားသည့် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီဘက်က ကြိုးပမ်းလျက်ရှိပြီး လမ်းတလျှောက် စစ်ကြောင်းထိုးတာ၊ စစ်အင်အားတိုးချဲ့တာတွေလည်း ဆက်တိုက်လုပ်ဆောင်လာခဲ့သည်။

    လမ်းပိုင်းတလျှောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာနေသည့်အတွက် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေသည့်အခြေအနေရှိနေသည်ဟု ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts