spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းမြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျ၊ ကျပ်တစ်သိန်း ဘတ် ၆၀၀ ဝန်းကျင်အထိ စျေးကျလာ

    မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျ၊ ကျပ်တစ်သိန်း ဘတ် ၆၀၀ ဝန်းကျင်အထိ စျေးကျလာ

    -

    မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျနေပြီး ယနေ့ ဩဂုတ်လ ၉ ရက်နေ့တွင် ကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ် ၆၀၀ ဝန်းကျင်အထိ စျေးဆက်တိုက်ကျဆင်းလာသည်ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်သူတို့ထံမှ သိရသည်။

    ထိုင်း-မြန်မာငွေလဲနှုန်းသည် သြဂုတ်လ ၅ ရက်နေ့အထိ ကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ် ၇၀၀ ကျော်ရှိနေရာမှ သြဂုတ်လ ၇ ရက်နေ့မှစကာ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခြင်းဖြစ်သည်။

    ဝါရင့် ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက “ပုံမှန် သြဂုတ်လက ဘတ်စျေးရဲ့ အတက်ဆုံးကာလပဲ။ ဘတ်စျေးကတက်နေတဲ့အချိန် တစ်ဘက်က မြန်မာပြည်ရဲ့လက်ရှိအခြေအနေတွေကြောင့် ကျပ်ငွေတန်ဖိုးက ပိုပြီးကျလာတာပေါ့။ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ၆၀၀ အောက်အထိ ဖြစ်လာမှာကို စိုးရိမ်နေရပါတယ်” ဟု ပြောသည်။

    ငွေလဲလုပ်ငန်း လုပ်လာခဲ့သည့် ဆယ်စုနှစ်ကာလအတွင်း လက်ရှိသည် ကျပ်ငွေတန်ဖိုး အနိမ့်ဆုံးကျဆင်းသည့်ကာလဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေခြင်းကြောင့် ငွေလဲလုပ်ငန်း လုပ်ကိုင်သူအချို့ လုပ်ငန်းရပ်ဆိုင်းထားရကြောင်း ငွေလဲလုပ်ငန်း လုပ်ကိုင်သူတို့ထံမှ သိရသည်။

    “အခုက လဲတဲ့ပမာဏ များရင် ကြောက်နေရတယ်။ မနေ့ကစပြီး ငွေဘယ်လောက်လဲမှာလဲဆိုတာမေးပြီးမှ လဲနေရတယ်။ အများကြီးဆိုမလဲပေးရဲဘူး။ ကျပ်စျေးက တဖြုတ်ဖြုတ်ကျနေတော့ ကျွန်မတို့ရှုံးတာပေါ့။ ဒီစျေးနဲ့လဲပေးလိုက်ပေမယ့်။ ကျွန်မတို့က ဒီစျေးနဲ့ပြန်မရတော့ဘူးဆိုတော့ အိပ်စိုက်ရတယ်လေ” ဟု မဲဆောက်မြို့ရှိ ငွေလဲလုပ်ငန်းလုပ်ကိုင်နေသည့်အမျိုးသမီးတစ်ဦးက ပြောသည်။

    မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျနေသည့်အခြေအနေများကြောင့် ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းက ကျပ်ငွေအစား ထိုင်းဘတ်ကို သုံးစွဲလာခဲ့ကြသည်။

    မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းရခြင်းသည် စစ်ကောင်စီမှ မြန်မာငွေစက္ကူအသစ်များ အဆမတန် ရိုက်နှိပ်ထုတ်လာခြင်းကြောင့်ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks