Homeသတင်းတနင်္သာရီမြို့နယ်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၇ ဦးထက်မနည်းရှိ

တနင်္သာရီမြို့နယ်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၇ ဦးထက်မနည်းရှိ

-

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၇ ဦးနှင့် အထက်ရှိကြောင်း ဒေသအခြေစိုက်လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

တနင်္သာရီမြို့ပေါ်တွင် ရေကြီးမှုကြောင့် အမျိုးသား ၇ ဦး ရေနစ်သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ပြီး သေဆုံးသူများမှာ မြို့ပေါ်ရပ်ကွက်များမှ ဒေသခံများလည်း ပါဝင်နေသည်ဟု ဆိုသည်။

“အခုဆုံးတဲ့လူတွေက စာရင်းရှိတာတော့ ၇ ဦးပေါ့နော်။ ဒါပေမယ့် အဲဒီထက်များနိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီ တနင်္သာရီမြစ်ရိုးရဲ့အောက်ဘက်ရော အထက်ဘက်မှာပါ စက်လှေမှောက်တာတွေ ရှိတယ်။ တစ်စီးထဲ တစ်နေရာထဲမှာ မဟုတ်ဘူးဗျ။ ရေစီးကလည်း သန်တော့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ကျွန်တော်တို့မသိရသေးဘူး” ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်အေးရွာ၊ အောက်ကင်းရွာမှ ဒေသခံများလည်း သေဆုံးခဲ့ပြီး နေအိမ်များလည်း မြောပါခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

“အခုတစ်ခေါက်ရေကြီးတာက ထူးဆန်းတယ်။ အရင်လို တဖြည်းဖြည်းမဟုတ်ဘဲနဲ့ ခနလေးနဲ့ကို အများကြီးတက်လာတာ။ ရေစီးလဲသန်တယ်။ အိမ်တွေလည်း မြောကုန်တာတွေရှိတယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ပြောသည်။

ဇူလိုင်လနောက်ဆုံးအပတ်အတွင်းက တနင်္သာရီမြစ်ရေမြင့်တက်မှုကြောင့် တနင်္သာရီမြို့နှင့် မြစ်ကြောင်းတလျှောက်ရှိကျေးရွာများ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး အိမ်ပေါင်း ၇၀၀ ကျော်ရေဘေးသင့်ခဲ့သည်။

ဩဂုတ်လ လဆန်းပိုင်းမှာတော့ တနင်္သာရီမြစ်ရေ ပြန်ကျလာသည့်အတွက် ရပ်ကွက်၊ ကျေးရွာအများစု ရေပြန်ကျသွားကြောင်း အနိမ့်ပိုင်းနေရာအချို့တို့တွင်သာ ရေကျန်နေသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts