Homeသတင်းမုဒုံ-ဘုရားသုံးဆူကားလမ်းပိုင်းအချို့ ရေမြုပ်၊ သွားလာရေး ခက်ခဲ

မုဒုံ-ဘုရားသုံးဆူကားလမ်းပိုင်းအချို့ ရေမြုပ်၊ သွားလာရေး ခက်ခဲ

-

မွန်ပြည်နယ် မုဒုံနှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးမြို့နှင့် ဆက်သွယ်သွားလာနေသည့် ကားလမ်းပိုင်းအချို့ ရေကြီးနစ်မြုပ်နေသည့်အတွက် သွားလာရေး ခက်ခဲနေသည်ဟု ကားသမားတို့ထံမှ သိရသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေ၊ ချောင်းရေတိုးလာပြီး ရေကြီးနစ်မြုပ်တာ၊ ကားလမ်းရေကျော်တာတွေ ဖြစ်ပွားနေသည်။

“မိုးဆက်တိုက်ရွာလာတဲ့အတွက် ကားလမ်းတွေ ပျက်စီးတယ်။ အခုက လမ်းတွေ အကုန်လုံးက အကုန်ရေကြီးနစ်မြုပ်နေတယ်။ သွားလာရေးကတော့ တအားခက်ခဲနေကြတယ်” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

မိုးအဆက်မပြတ် ရွာသွန်းနေသည့်အတွက် ဝင်းရော်မြစ်၊ ဇမိမြစ်ရေလျှံတက်လာကာ အနိမ့်ပိုင်းနေရာနှင့် မြစ်ချောင်းနှင့် နီးသည့် ရပ်ကွက်၊ ကျေးရွာများ ရေဝင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ဟု သိရသည်။

လက်ရှိတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် မြို့နယ်အများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အထူးသဖြင့် မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ရေးခရိုင်၊ သထုံခရိုင်၊ ကျိုက်ထိုခရိုင်နှင့် ကရင်ပြည်နယ် ဘားအံခရိုင်၊ ဖာပွန်ခရိုင်၊ မြဝတီခရိုင်နှင့် ကော့ကရိတ်ခရိုင်ရှိ မြို့နယ်အများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts