Homeသတင်းနောင်ချိုမြို့ရှိ စစ်ကောင်စီ ဒုံးတပ်ရင်းကို သိမ်းပိုက်ပြီးနောက် မြို့ကို TNLA ပူးပေါင်းတပ် ထိန်းချုပ်ထား

နောင်ချိုမြို့ရှိ စစ်ကောင်စီ ဒုံးတပ်ရင်းကို သိမ်းပိုက်ပြီးနောက် မြို့ကို TNLA ပူးပေါင်းတပ် ထိန်းချုပ်ထား

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇူလိုင် ၁၀၊ ၂၀၂၄ ခုနှစ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် နောက်ဆုံးကျန်နေသော စစ်ကောင်စီ ဒုံးတပ်ရင်း (၆၀၆) ကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ် အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက် နောင်ချိုမြို့ကို ထိန်းချုပ်ထားသည်ဟု သိရသည်။

နောင်ချိုမြို့ရှိ စစ်ကောင်စီ ခမရ ၁၁၄၊ ခမရ ၁၁၅၊ မြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၉ ခုကို TNLA ပူးပေါင်းတပ်တို့ သိမ်းပိုက်ထားခဲ့ပြီး နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ ဒုံးတပ်ရင်း (၆၀၆) ကို ဇူလိုင်လ ၁၀ ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

နောင်ချိုမြို့တောင်ဘက် ၂ မိုင်ခန့်အကွာတွင်ရှိနေသည့် စစ်ကောင်စီ ဒတရ (၆၀၆) ကို သိမ်းပိုက်ပြီးနောက် မြို့တစ်ခုလုံးကို TNLA ပူးပေါင်းတပ်တို့က ထိန်းချုပ်လိုက်ပြီး အုပ်ချုပ်ရေးယန္တယားများ စတင်ရန်ကြိုးစားနေကြောင်း သိရသည်။

ယခု TNLA ပူးပေါင်းတပ်တို့ သိမ်းပိုက်လိုက်သည့် စစ်ကောင်စီ ဒုံးတပ်ရင်းသည် တော်လှန်ရေးတပ်ဖွဲ့တို့ သိမ်းပိုက်နိုင်ခဲ့သည့် ဒုတိယမြောက် ဒုံးတပ်ရင်း ဖြစ်သည်။

တနိုင်ငံလုံးတွင် စစ်ကောင်စီ၏ ဒုံးတပ်ရင်းပေါင်း ၁၅ ရင်းထက်မနည်းရှိနေပြီး မတ်လအတွင်း မိုးမောက်မြို့နယ်ရှိ ဒတရ တစ်ခုကို KIA က ပထမဆုံး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts