spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းနေရပ်ပြန်ဝင်လာကြသည့် ဒေသခံအမျိုးသမီးတို့ လိင်ပိုင်းဆိုင်ရာစော်ကားနှောက်ယှက်ခံနေရ

    နေရပ်ပြန်ဝင်လာကြသည့် ဒေသခံအမျိုးသမီးတို့ လိင်ပိုင်းဆိုင်ရာစော်ကားနှောက်ယှက်ခံနေရ

    -

    တိုက်ပွဲအခြေအနေပြန်လည်ငြိမ်သက်ပြီးနောက် နေရပ်ပြန်ဝင်လာသည့် မွန်-ကရင် ဂျိုင်းမြစ်ဝှမ်းဒေသတစ်လျှောက်ရှိ ဒေသခံအမျိုးသမီးတို့ စစ်ကောင်စီတပ်သားများနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်ခံနေရသည်ဟု သိရသည်။

    ဓမ္မသ၊ကျွန်းကုန်းပိုင်းနှင့် တရနာရွာအတွင်း တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားတို့သည် လူငယ်အမျိုးသမီးများကို လမ်းသွားလမ်းလာဆုံတွေ့ရာတွင် နှုတ်ဖြင့်စစ်ဆေးမေးမြန်း နှောင့်ယှက်ခြင်း၊လူလတ်ပိုင်းအမျိုးသမီးတို့ကို ထမင်းဟင်းချက်ပြုတ် စေခိုင်းစေသည့်အပြင် ညအချိန်မတော် နေအိမ်တံခါးခေါက် နှောက်ယှက်နေခြင်းကြောင့် လုံခြုံမှုမရှိနေကြောင်း ဂျိုင်းမြစ်ဒေသခံတစ်ဦးက ဆိုသည်။

    “၃ နာရီဝန်းကျင်ဆိုသူတို့မူးပြီးဆို သွားလာတဲ့မိန်းကလေးငယ်တွေကအရစ်ခံရတာများတယ်။ ဟင်းရွက်ဝယ်ခိုင်းတာတို့ ချက်ခိုင်းတာတို့ဓမ္မသဘက်ကစစ်သားဂိတ်တွေကတစ်ယောက်တည်းဆိုင်ကယ်နဲ့ သွားဖို့ကလုံးဝ မလုံခြုံ ဘူးလေ။ ကျွန်းကုန်းပိုင်းရွာကဆိုရင်မိန်းကလေးတွေက အိမ်မှာတောင်မအိပ်ရဲဘူးညဘက်တွမှာတံခါး လာခေါက်လို့ ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

    ၎င်းအပြင် အဆိုပါဒေသမှ အမျိုးသမီးအချို့ စစ်ကောင်စီတပ်ဖွဲ့တို့နှင့် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံမှုရှိနေသော်လည်း ခြိမ်းခြောက်ခံရမှုတို့ကြောင့် ထုတ်ဖော်မပြောဆိုရဲသည့် အခြေအနေတွင်ရှိနေသည်ဟု သိရသည်။

    ယင်းကဲ့သို့ လုံခြုံမှုမရှိခြင်းကြောင့် နေရပ်ပြန်ဝင်လာသည့် ဒေသခံအမျိုးသမီးအများစု တဖက်ထိုင်းနိုင်ငံသို့ ထွက်ခွာသူများပြားနေသည်ဟု ဂျိုင်းမြစ်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

    “လူပြတ်တဲ့လမ်းဘက်ဆိုသူတို့စောင့်နေရင်မေးမြန်းတာခံရတယ်။ သူတို့ပိုက်ဆံတောင်းတာရှိတယ်။ ရွာထဲဆိုသိပ်မလုပ်ရဲဘူးပေါ့၊ တက္ကသိုလ်ဝင်တန်းအောင်ကြတဲ့သူတွေရော အထက်တန်းကျောင်းသား/သူတွေရောထိုင်းဘက်သွားကုန်တာ ရွာမှာ အသက်ကြီးပိုင်းတွေပဲနေရဲတာ ”ဟု ၎င်းကဆက်ပြောသည်။

    အဆိုပါဒေသအတွင်း အမျိုးသမီးအများစုသည် နှုတ်ဖြင့် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုခံနေရပြီး လူ့အခွင်းရေးပြဌာန်းချက်ပါ အချက်တို့ ချိုးဖောက်ခံနေရသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်မှ ဒါရိုက်တာ နိုင်အဲမွန်က ဆိုသည်။

    “စကားနဲ့နှုတ်နဲ့လိင်ပိုင်ဆိုင်ရာနှောင့်ယှက်တာအဖြစ်များနေတယ်။ ဒီလူအခွင့်အရေးပိုင်းမှာကြည့်ရင် စစ်သားတွေက မိန်းကလေးတွေရဲ့အိတ်ကစစ်တာဖုန်းစစ်တာဆိုကတည်းက ချိုးဖောက်ခံရတယ်လို့ပဲ၊ ညနေဘက်တွေမှာသူတို့ရှောင်တစ်ခင်စစ်ဆေးတာလုပ်ရင်အဲ့လိုထိတာများတယ် ”ဟု ၎င်းကဆိုသည်။

    ပြီးခဲ့သည် ဧပြီလကုန်ပိုင်းတွင်လည်း မွန်-ကရင်အစပ် ဂျိူင်းမြစ်ဒေသတွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့တို့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ကျူးလွန်မှုရှိခဲ့သည်ဟုလည်း အမျိုးသမီးအရေးလှုပ်ရှားနေသူနှင့် မွန်လူ့အခွင့်အရေးအဖွဲ့တို့ထံမှ သိရသည်။

    ဂျိုင်းမြစ်ဒေသတစ်လျှောက်ရှိ ရွာတို့တွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်တို့သည် စစ်ဘေးရှောင်ဒေသခံတို့ နေရပ်ပြန်ဝင်လာမည့်အချိန်တွင် ပြန်လည်ထွက်ခွာမည်ဟု ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ နေအိမ်နှင့် ဘုန်းကြီးကျောင်းတို့တွင် ဝင်ရောက်နေထိုင်နေဆဲဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks