Home သတင်း မောင်မယ်ရှောင်ရွာအနီးတွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ

မောင်မယ်ရှောင်ရွာအနီးတွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ယာဉ်အချို့ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မောင်မယ်ရှောင်ရွာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တိုဴမှ ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အိမ်တွေကိုဖောက်နေတဲ့အဖွဲ့ပါဗျ။ ပထမနေ့က သူတို့နဲ့တိုက်ပွဲ ဖြစ်ကြတယ်။ နောက်နေ့ကျတော့ မောင်မယ်ရှောင်နားကတံတားမှာ တပ်စွဲတဲ့အဖွဲ့ကို ဝင်ပစ်တာပါဗျ။ စုစုပေါင်းဆို ၈ ယောက်လောက်သေပါတယ်” ဟု ပကဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပထမနေ့တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၃ ဦးခန့်သေဆုံးပြီး ဒုတိယနေ့တိုက်ခိုက်မှုတွင် ၅ ဦးထက်မနည်းသေဆုံးကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုများကို ထားဝယ် အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဥသြစစ်ကြောင်းနှင့် Dawei Guerrilla Revolutionary Force-DGRFတို့မှ ပူးပေါင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီမှ တနင်္သာရီတိုင်းအတွင်းရှိ ရေဖြူမြို့နယ် ရာဖူးကျေးရွာအုပ်စုတွင်လည်း စစ်ကြောင်းထိုးကာ ဒေသခံ နေအိမ်နှင့်ကုန်စုံဆိုင်အတွင်းရှိ အခြေခံစားသောက်ကုန်နှင့် စားနပ်ရိက္ခာတို့ကို ဖောက်ထွင်းယူဆောင်နေကြောင်း ဒေသခံများထံမှသိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.