spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ပေါ်ပေါ်တင်တင် လုပ်ဆောင်နေ

    ရေးမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ပေါ်ပေါ်တင်တင် လုပ်ဆောင်နေ

    -

    အရေးယူထိန်းချုပ်မှုမရှိခြင်းကြောင့် မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းချမှု ပေါ်ပေါ်တင်တင် လုပ်ဆောင်နေသည်ဟု မူးယစ်ဆေးဝါးအရေး ဆောင်ရွက်နေသူတို့က ဆိုသည်။

    လက်ရှိ ရေးမြို့နယ်တွင် WY စိတ်ကြွဆေးပြားတို့ကို ဆိုင်ကယ်ဖြင့် လိုက်လံရောင်းချနေသည့်အပြင် ဘိန်းစားပင်တို့ကိုလည်း နေအိမ်ခြံဝင်းတွင် စိုက်ပျိုးပြီး ရောင်းဝယ်ဖောက်ကားနေကြသည်ဟု ရေးမြို့နယ်တွင် မူးယစ်ဆေးဝါးအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

    “ ၅ ဆလောက်အထိကိုများလာတာ၊ ပေါ်ပေါ်တင်တင်ရောင်းဝယ်ဖောက်ကားလာတယ်၊ အဓိက တရားဥပဒေစိုးမိုးမှုမရှိတော့ လုပ်ကိုင်တဲ့သူတွေလည်း ပိုများလာတယ်။ လွယ်လွယ်ရလာမဲ့ ငွေရှာနည်းတွေသုံးလာတယ်ပေါ့နော် အဓိက စီးပွားရေးတွေ ပျက်ကွက်နေတယ်ဆိုတော့ သုံးစွဲသူတွေလည်း ပိုများလာတယ် အရင်ကထက် ပိုများလာတယ်ပေါ့” ဟု ဆိုသည်။

    အလွယ်တကူ ဝယ်ယူရရှိပြီး ဈေးနှုန်းမြင့်တက်မှုမရှိခြင်းကြောင့် လူတန်းစားမရွေး အသုံးပြုနေကြသည်ဟုလည်း ဆက်ပြောသည်။

    ၎င်းအပြင် မူးယစ်ဆေးဝါးရောင်ဝယ်နေသူအချို့သည် စစ်ကောင်စီမှ နိုင်ငံရေးကိစ္စနှင့် ပတ်သတ်၍ သတင်းထောက်လှမ်းသူအဖြစ် အသုံးချခံနေသူတို့ ရှိနေသည်ဟု သိရသည်။

    “စစ်ကောင်စီကလည်း ဒီလူတွေကို ခိုင်းနေတာပေါ့ မူးယစ်ဆေးဝါးဖြန့်တဲ့ ကောင်တွေက လူပေါင်းစုံနဲ့ပတ်သက်နေတာဆိုတော့ နယ်တွေမှာ သတင်းတွေယူမယ် ဘယ်သူကိုမှ မကြောက်ရတဲ့ သဘောရှိတယ် ” ဟု ဆက်ပြောသည်။

    လူငယ်အများစု WY ဆေးဝါး သုံးစွဲမှု ပိုများပြီး ရေးမြို့နယ်မှ ယခုနှစ်အတွင်း မူးယစ်ဆေးဝါးထိန်းချုပ်ကုသရေးစခန်းအသီးသီးသို့ လူငယ် လူလတ်ပိုင်းအရွယ်၂၀ ဝန်းကျင်အထိ ပို့ဆောင်ခဲ့ကြောင်းလည်း ဆိုသည်။

    ေရးမြို့နယ်တွင် ရွာအပြင်ဇရပ်နှင့် လမ်းဘေးနေရာတို့အပြင် စာသင်ကျောင်းအထိ မူးယစ်ဆေးဝါး သုံးစွဲလျှက်ရှိသည်ဟု သိရသည်။

    မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုမြင့်တက်နေသည့် ပြဿနာကို အမြန်ဆုံး မထိန်းချုပ်နိုင်လျှင် ပိုမိုဆိုးရွားလာသည့် အခြေအနေထိ ရောက်ရှိလာနိုင်သည်ဟုလည်း မူးယစ်ဆေးဝါးအရေး လေ့လာစောင့်ကြည့် နေသူတို့က ဆိုသည်။

    မွန်လူထု တစ်ရပ်လုံးကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးပြဿနာကို မူယစ်ဆေးဝါးဆိုင်ရာ မူဝါဒတစ်ရပ် ပေါ်ထွက်လာမည်ဆိုလျှင် ဖြေရှင်းရန် လွယ်ကူမည်ဖြစ်ဖြစ်ခြင်းကြောင့် မွန်မူးယစ်ဆေးဝါးမူဝါဒရေးဆွဲရေးအဖွဲ့မှ မူဝါဒရေးဆွဲလျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts