spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းလုံခြုံရေးအခြေအနေကြောင့် ရပ်နားထားသည့် လမိုင်းမြို့လူငယ်ပရဟိတအဖွဲ့ ပြန်လည်လည်ပတ်ရန်ပြင်ဆင်

    လုံခြုံရေးအခြေအနေကြောင့် ရပ်နားထားသည့် လမိုင်းမြို့လူငယ်ပရဟိတအဖွဲ့ ပြန်လည်လည်ပတ်ရန်ပြင်ဆင်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေကြောင့် ခေတ္တရပ်နားထားသည့် လမိုင်းမြို့လူငယ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတို့သည် လက်ရှိဇွန်လ ဒုတိယအပတ်အတွင်း လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရန် ပြင်ဆင်လျှက်ရှိသည်ဟု အဖွဲ့တာဝန်ရှိသူတို့မှ သိရသည်။

    လုပ်ငန်းရပ်နားထားစဉ်တွင် ယာဉ်တိုက်မှုအပြင် ဒေသခံတို့၏ ကျန်းမာရေး လိုအပ်ချက်များ ဝိုင်းဝန်မဖြေရှင်းနိုင်ခဲ့ခြင်းကြောင့် ပြန်လည် လည်ပတ်ရန် ပြင်ဆင်လျှက်ရှိသည်ဟု လမိုင်းမြို့ လူငယ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ အခုလောလောဆယ်မှာတော့ ကလေးတွေကလည်း စိတ်ပင်ပန်းနေတာပေါ့နော်၊ ကျတော်တို့ ခဏနားပြီးရင် ဒီအသင်းကို ပုံမှန်ပြန်ဖွင့်ဖို့ရှိတယ်၊ ရုံးမှာလည်းဘာမှ မပြင်ဆင်ရသေးဘူး ကျတော်တို့နားနေတဲ့အချိန်မှာပဲ လူနာတင်ယာဉ်တွေကိုလည်း ဆိုင်မှာပြင်ဆင်စစ်ဆေးနေပါတယ်၊ ဒါတွေအားလုံးပြီးရင်တော့ ကျတော်တို့ ဒီတစ်ပတ်အတွင်းမှာ ဖွင့်မယ်"ဟု ဆိုသည်။

    ဇွန်လ ၃ ရက်နေ့မှစ၍ လုပ်ငန်းရပ်နားထားပြီး ယာဉ်တိုက်မှုအပါအဝင် လူနာပို့ဆောင်ခြင်း၊ အောက်ဆီဂျင်ဖြန့်ဝေးခြင်းနှင့် သွေးလှူဒါန်းမှုတို့ကိုလည်း ရပ်နားထားခြင်းကြောင့် ဒေသခံတို့ အခက်ကြုံနေရသည်ဟု သိရသည်။

    ၎င်းအပြင် လုပ်ငန်းပြန်လည် လည်ပတ်နေစဉ်တွင် စစ်ကောင်စီအပါအဝင် တော်လှန်ရေးအဖွဲ့ဘက်မှ အကူအညီတစ်စုံတစ်ရာ တောင်းခံလာပါက ဆောင်ရွက်ပေးမည်မဟုတ်ကြောင်းလည်း ဆက်ပြောသည်။

    “တပ်ဘက်ကိုလည် ကျနော်တို့ ပြောထားတာရှိတယ် သူတို့ခေါ်ရင် ကျနော်တို့မသွားရဲတော့ဘူး၊ ဘာလို့ဆို ကျတော်တို့လည်း အခက်ခဲအများကြီးဖြစ်တယ် လက်နက်ကိုင်အဖွဲ့ဆိုရင် ကျနော်တို့ အားလုံးကြောက်နေရတယ်၊ ဟိုဘက်လည်းကြောက်ရ ဒီဘက်လည်း ကြောက်နေရ၊ ဒေသခံလူနာတွေပဲ ကျနော်တို့ ကူညီမယ်” ဟု ဆိုသည်။

    ရေးမြို့နယ်တွင် ပြီးခဲ့သည့် မေလ၂၉ ရက်နေ့က ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရှိခဲ့သည့် ခမရ(၅၈၈)မှ အရာရှိတစ်ဦးကို လမိုင်းမြို့ လူငယ်ပရဟိတအဖွဲ့မှ မော်လမြိုင်ဆေးရုံသို့ သွားရောက်ပို့ဆောင်ပေးစဉ် တော်လှန်တပ်ဖွဲ့တို့မှ ဒဏ်ရာရလူနာကို ပိတ်ဆို့ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    ထို့နောက် စစ်ကောင်စီတပ်မှ လမိုင်းမြို့မှ ပရဟိတအဖွဲ့ဝင် ၅ ဦးကို ပြန်လည်ဖမ်းဆီးလိုက်ပြီး ပြီးခဲ့သည့်ဇွန်လ ၆ ရက်နေ့က ခံဝန်ကတိဖြင် ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

    စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ကြား ပဋိပက္ခဖြစ်ပွားမှု ပိုများသည့် ရေးမြို့နယ်နှင့်သထုံမြို့နယ်တို့တွင် စစ်ဆေးမှုကန့်သတ်မှုနှင့် လုံခြုံရေးအခြေအနေအရပ်ရပ်တို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းကို နေရာအကန့်အသတ်ဖြင့်သာ ဆောင်ရွက်နေရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks