Monday, March 16, 2026
More
    spot_img
    Homeသတင်းသထုံတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ

    သထုံတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီ (ခလရ-၈) တပ်ရင်း လက်နက်ကုန်းစခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

    စစ်ကောင်စီ (ခလရ-၈) တပ်ရင်မှ မေလ ၂၄ ရက်နေ့က ဘုရားဆိပ်ကျေးနယ်ရှိ ရွာများထဲသို့ လက်နက်ကြီး ၇ လုံး ပစ်ခတ်ရာ တောင်သူဌေးကုန်းရွာအတွင်း လက်နက်ကြီး ၅ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

    ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာနေ အသက် ၃၀ နှစ်ရှိ ကိုရဲလင်းဌေးနှင့် အသက် ၃၅ နှစ်ရှိ မမိုးမိုးတို့ ၂ ဦး လက်နက်ကြီးကျည်စထိမှန် သေဆုံးသွားခဲ့သည်။

    စစ်ကောင်စီတပ်မှ ပြည်သူလူထုများကို ပစ်မှတ်ထားပြီး ပြည်သူများနေထိုင်ရာ ကျေးရွာအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ နေအိမ် ၁၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

    ယင်းနေ့ ည ၆ နာရီဝန်းကျင်ခန့်ကလည်း စစ်ကောင်စီ အမတ-၃၁၄ တပ်ရင်း တပ်စခန်းမှ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်၊ ရွှေရောင်ပြရွာထဲကို လက်နက်ကြီး ၅ လုံး ထပ်မံပစ်ခတ်ခဲ့သည်။

    မေလ ၁၉ ရက်နေ့ညကလည်း စစ်ကောင်စီ ပိန္နဲတော တပ်စခန်းမှ လက်နက်ကြီး ၆ လုံး ပစ်ခတ်ရာ နောဖဒို့ရွာနှင့် နော်ရကုန်းရွာထဲသို့ လက်နက်ကြီး ၁ လုံးစီ ကျရောက်ပေါက်ကွဲခဲ့ပြီး နောဖဒို့ရွာနေ အသက် ၃၀ နှစ်ရှိ နော်ရီမြင့် အသက် ၂၄ နှစ်ရှိ နော်သူဇာအေးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်။

    သထုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်တို့မှ လူနေကျေးရွာအတွင်း လက်နက်ကြီး နေ့စဉ်လိုလို ပစ်ခတ်နေပြီး စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးနေသည့်အပြင် နေအိမ်ထိခိုက်ပျက်စီးမှုလည်း အများအပြားရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks