Homeသတင်းဘူးသီးတောင်အကျဉ်းထောင်က အကျဉ်းသား ၉၈ ဦးကို AA ကယ်ထုတ်

ဘူးသီးတောင်အကျဉ်းထောင်က အကျဉ်းသား ၉၈ ဦးကို AA ကယ်ထုတ်

-

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၁ ဦးအပါအဝင် အကျဉ်းသား ၉၈ ဦးကို ဘေးလွတ်ရာသို့ ကယ်ထုတ်ထားပြီး လူသားချင်းစာနာထောက်မှု အကူအညီပေးထားကြောင်း ရခိုင့်တပ်တော် AA က မေလ ၃၀ ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် တပ်ရင်း၊ တပ်စခန်းအားလုံးအား မေလ ၁၈ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်ရယူခဲ့သည်ဟု ဆိုသည်။

ထိုသို့သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းတွင် ဘူးသီးတောင်အကျဉ်းထောင်တွင် ပိတ်မိနေကြသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ယာဉ်တိုက်မှု၊ သစ်ခိုးထုတ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ လဝကမှု၊ သူခိုးလက်ခံမှု အစရှိသော ရာဇဝတ်မှုအသီးသီး ကျူးလွန်ထားသည့် အကျဉ်းသားစုစုပေါင်း ၉၈ ဦးကို ဘေးလွတ်ရာသို့ ကယ်ထုတ်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ကယ်ထုတ်ခဲ့သည့် အကျဉ်းသားများ၏ အချက်အလက်များကို ကောက်ယူစိစစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စံနှုန်းများအရ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အရေးပေါ်လိုအပ်သော စားဝတ်နေရေး ထောက်ပံ့ကူညီမှုများကို လုပ်ဆောင်ပေးခဲ့သည် ဆိုထားသည်။

လက်ရှိတွင် ကယ်ထုတ်ခဲ့သည့် အကျဉ်သားများ ၎င်းတို့နေထိုင်ရာ ကျေးရွာများတွင် သွားရောက်နေထိုင်နေကြပြီဖြစ်သည်ဟုလည်း AA က ထုတ်ပြန်ထားသည်။

AA သည် စစ်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်ဥပ‌ဒေအရ လူသားဆန်စွာ ကယ်ဆယ်ကူညီပေးလျက်ရှိသည့်အပြင် ယခုကဲ့သို့ အကျဉ်းထောင်၊ အကျဉ်းစခန်းများမှ အကျဉ်းသားများကိုလည်း ဘေးလွတ်ရာသို့ ကူညီကယ်ထုတ်ပေးခဲ့သည့် ဖြစ်ရပ်များစွာရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts