Homeသတင်းတနင်္သာရီစစ်ရှောင်စခန်းတို့တွင် မိုးရာသီကာလအတွင်း အသုံးအဆောင်နှင့် စားနပ်ရိက္ခာခက်ခဲနေ

တနင်္သာရီစစ်ရှောင်စခန်းတို့တွင် မိုးရာသီကာလအတွင်း အသုံးအဆောင်နှင့် စားနပ်ရိက္ခာခက်ခဲနေ

-

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ ကန့်သတ်စစ်ဆေးမှုတို့ကြောင့် ယခုမိုးရာသီကာလအတွင်း အသုံးအဆောင်၊နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာတို့ ခက်ခဲလျှက်ရှိသည်ဟု သိရသည်။

နေရာထိုင်ခင်းအခက်ခဲကြောင့် စစ်ဘေးရှောင်တို့ ရာသီဥတုဒဏ်ခံနေရသည့်အပြင် စစ်ဘေးရှောင်အမျိုးသမီးတို့အတွက်လည်း လစဉ်သုံးပစ္စည်း ပြတ်လပ်လျှက်ရှိသည်ဟု ဒေသတွင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်သူတစ်ဦးက ဆိုသည်။

“စားနပ်ရိက္ခာစုဆောင်းဖို့က သူတို့လုံးဝကန့်သတ်ထားတယ် အစစ်ဆေးကြောင့် လိုင်းကားတွေကလည်း သူတို့မတင်ပေးဘူး တနင်္သာရီဘက်ဆိုမိုးများတယ်၊ လေပြင်း တိုက်လေ့ရှိတဲ့အခါ အမိုးအကာအလုံအလောက်တော့မရှိဘူး၊ အမျိုးသမီးတွေဆို လစဉ်သုံး၊ အတွင်းခံတွေကမခြောက်ဘူးဆိုတော့ လိုအပ်လာတယ် ” ဟု ၎င်းကဆိုသည်။

တနင်္သာရီမြို့နယ်အပါအဝင် ရေဖြူ၊ လောင်းလုံး၊ ပုလော၊ သရက်ချောင်း၊ ထားဝယ် စသည့်မြို့နယ်အတွင်းရှိ ရွာအချို့တွင်လည်း ကန့်သတ်ခံထားရသည်ဟု သိရသည်။

အဆိုပါမြို့နယ်အတွင်းရှိ စစ်ရှောင်တို့သည် နီးစပ်ရာအဆင်ပြေသည့်နေရာတွင် နေထိုင်နေခြင်းကြောင့် စာနပ်ရိက္ခာပေးဝေမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်ရာတွင် လမ်းခရီးအခက်ခဲနှင့် ရင်ဆိုင်နေရသည်ဟု နွေဦးမေတ္တာမှ စစ်ဘေးရှာင်ကူညီပံ့ပိုးရေးအဖွဲ့မှ တာဝန်ရှိသူအမျိုးသမီးတစ်ဦးက ဆိုသည်။

“တစ်လတစ်ခါ စားနပ်ရိက္ခာသွားဝေပေးတယ် သူတို့ ၁၅ ရက်လောက်ပဲ ဖူလုံပါတယ် ကျန်တဲ့ရက်တွေက အဆင်ပြေသလို ရှာစားကြရတယ်၊ စစ်ရှောင်တို့ကစခန်းတစ်ခုတည်းမဟုတ်ဘူး သူတို့အဆင်ပြေတဲ့ နေရာမှာနေတယ်စာရင်း ယူထားကြတယ်။ လာဝေတဲ့နေ့ကို အကြောင်းကြားပြီးတစ်နေရာ စုခိုင်းတယ် ”ဟု ၎င်းကဆိုသည်။

အထူးသဖြင့် တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် သက်ကြီးရွယ်အိုးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို volunteerနှင့် CDM ကျန်းမာရေး ဝန်းထမ်းတို့က ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

လက်ရှိမိုးဦးကာလအတွင်း ဌက်ဖျားရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောတို့အတွက် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျှက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလနှင့် ယခုမေလအတွင်းတိုက်ပွဲကြောင့် ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ ပုလော၊ တနင်္သာရီမြို့တို့တွင် နေရပ်စွန့်ခွာထွက်ပြေးသူ တိုးလာနေပြီး စစ်ရှာင်ဦးရေ ၆ သောင်းနီးပါးအထိ ရှိလာသည်ဟု Fe 5 Tanintharyi မှ တာဝန်ရှိသူတို့မှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts