Homeသတင်းရေးမြို့နယ်တွင် ဆီပြတ်လ၍  စက်သုံးဆီအရောင်းဆိုင်အများစုပိတ်ထား

ရေးမြို့နယ်တွင် ဆီပြတ်လ၍  စက်သုံးဆီအရောင်းဆိုင်အများစုပိတ်ထား

-

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မေလ ၂၅ရက်နေ့မှစ၍ စက်သုံးဆီပြတ်လပ်နေခြင်းကြောင့်  စက်သုံးဆီအရောင်းဆိုင်အများစု ပိတ်ထားသည်ဟု ရေးဒေသခံတို့ထံမှ သိရသည်။

ရန်ကုန် – မော်လမြိုင် ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတားဖျက်ဆီးခံရသည့် မေလ ၁၁ ရက်နေ့မှစ၍ ရေးမြို့နယ်ဘက်သို့ ဆီဘောက်ဆာကားကြီးဝင်ရောက်နိုင်ခြင်းမရှိခြင်းကြောင့် ရေးမြို့နယ်တွင် စက်သုံးဆီပြတ်လပ်နေသည်ဟု ရေးမြို့ခံတစ်ဦးက ဆိုသည်။

“ရေးမှာရှိတဲ့ ဆီဆိုင် ၁၀ ဆိုင်ကျော်မှာ ဒီနေ့ကစက်သုံးဆီဆိုင် (၂) ဆိုင်ပဲဖွင့်တယ် ရယ်ဒီဆိုင်နဲ့ဝမ်းတူးဆိုင် အဲလောက်ပဲ ဖွင့်တယ်ကျန်တဲ့ဆိုင်တွေအကုန်ပိတ်ထားတယ် ဆီလည်းအကုန်လုံးကုန်နေတယ် ” ဟု မြို့ခံက ဆိုသည်။

ရန်ကုန်ဘက်မှ စက်သုံးဆီမဝင်နိုင်ခြင်းကြောင့် ထားဝယ်ဘက်မှလာသည့် စက်သုံးဆီတို့ကို ဈေးကြီးပေးကာ အရောင်းအဝယ်လုပ်နေရသည်ဟု စက်သုံးဆီရောင်းဝယ်သူနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

“တံတားပျက်ကတည်းက ရေးဘက်ဆို ဆီဘောက်ဆာက မဆင်းဘူး ဆီလည်းနည်းနေတယ် ဆီကုန်လို့ပဲပိတ်ထားတာ၊ ဖွင့်ထားတဲ့ဆိုင်တွေကလည်း ထားဝယ်ဘက်ကလာတဲ့ ဆီတွေပါ၊ ဈေးလည်းကြီးတယ် ရန်ကုန်ကလာတဲ့ဆိုင်တွေက တစ်လီတာကို ၂၀၀ ဆိုရင် ထားဝယ်ဘက်ကလာတဲ့ဆိုင်တွေ ၂၈၀ အဲလိုဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

စက်သုံးဆီပြတ်လပ်နေခြင်းကြောင့်  မော်တော်ယာဉ်မောင်း၊ သုံးဘီးနှင့် Taxi ယာဉ်မောင်းတို့ လုပ်ငန်းရပ်နားထားရသည်ဟု သိရသည်။

ရေးမြို့နယ်အတွင်း လက်ရှိဖွင့်လှစ်ထားသည့် စက်သုံးဆီဆိုင်တို့တွင် ဆိုင်ကယ်တစ်စီးလျှင် ၅၀၀၀ ကျပ်၊ ကားတစ်စီးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

ယနေ့ မေလ  ၂၈ ရက်နေ့တွင် ရေးပေါ်ရှိ စက်သုံးဆီဆိုင်အချို့ ဈေးနှုန်းသတ်မှတ်ချက်အရ 95 တစ်လီတာလျှင် ၃၅၁၅ ကျပ်၊ 92 တစ်လီတာကို ၃၃၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၃၀၃၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၉၈၆ ကျပ်ရှိထိပေါက်ဈေးရှိနေသည်ဟု သိရသည်။

မော်လမြိုင်- ရန်ကုန်လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ရေးမြို့နယ်တွင် စက်သုံးဆီအပြင် အခြားကုန်ပစ္စည်းတို့လည်း ဈေးကွက်တွင် ပြတ်လပ်လျှက်ရှိသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts