Homeသတင်းသထုံနှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျေးရွာတို့တွင် စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေ

သထုံနှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျေးရွာတို့တွင် စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေ

-

မွန်ပြည်နယ်၊  သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျေးရွာတို့တွင် ကျုံအိတ်တံတား မိုင်းခွဲခံရသည့် မေလ ၁၁ ရက်နေ့မှစ၍ စစ်ကောင်စီအမြှောက်တပ်မှ နေ့စဉ်လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု စစ်ဘေးရှောင်ဒေသခံတို့ထံမှ သိရသည်။

နှစ်ဖက်ထိတွေ့ပစ်ခတ်ခြင်း မရှိသော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်လှုပ်ရှားနေသည်ဟု ဆိုကာ စစ်ကောင်စီ အမတ- ၃၁၄ မှ နေ့စဉ်ပစ်ခတ်နေပြီး ဘီးလင်းမြို့ ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရသည်ဟု ဘီးလင်းမြို့ခံတစ်ဦးက ဆိုသည်။

“ရွှေရောင်ပြကျေးရွာအုပ်စုမှာ ၁၀၀၀ လောက်ရှောင်နေရတယ်၊ ဘီးလင်းဘက်ရှောင်ရတာများတယ်၊ နောင်ကုလားနဲ့ အလံတစ်ရာဘက်မှာ စစ်ရှောင်ကြတယ်။ အချို့ကခြံနဲ့ နီးစပ်ရာ ဆွေမျိုးတွေထံ တိမ်းရှောင် ကြတယ်။ စစ်တပ်က pdf တွေရှိမယ် အထင်နဲ့ပစ်နေတာ ရွာသား တွေကို ဒီရက်ပိုင်းက နည်းနည်းငြိမ်ပေမဲ့ မပြန်ရဲသေးဘူး” ဟု ကပြေသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့မှစ၍ ဘီးလင်းမြို့နယ်ရှိ ရွှေရောင်ပြကျေးရွာအုပ်စု၊ ခလောက်အင်း၊ ဒေါက်ရပ်၊ တက်တူကုန်း၊ ခဲမောက် အဝန်းကြီးရွာ စသည့်ကျေးရွာ ၈  ရွာထက်မနည်း ဒေသခံပြည်သူတို့ တိမ်းရှောင်နေဆဲဖြစ်သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်လှုပ်ရှားနေသည်ဟုဆိုကာ ကျေးရွာအတွင်း  နေ့စဉ်ရမ်းသမ်းပစ်ခတ်နေခြင်းခြင်းကြောင့် လေယာဉ်ဖြင့်လည်း ဗုံးကြဲမှု လုပ်ဆောင်လာမည်ကို ဒေသခံတို့ စိုးရိမ်လျှက်ရှိသည်။

“တော်လှန်ရေးတို့ကိုပစ်ပေမဲ့သူတို့ကဘယ်မှာမှန်းမသိတာ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တယ်။  လေယာဉ်နဲ့ကျဲတာက မလုပ်သေးပေမဲ့ မတိမ်းရှောင်ရတဲ့ရွာအုပ်စုတွေဆို ကတုတ်ကျင်းတွေတူးထားကြတယ်။ သဲအိတ်တွေစုထားရတယ် ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်မေလ ၁၇ နှင့် ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် သထုံနှင့်ဘီးလင်းမြို့နယ်အတွင်းရှိ ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်’ KNUဗဟိုမှ သတင်းထုတ်ပြန်ထားချက်အရသိရသည်။

စစ်ကောင်စီ၏ အမတ ၃၁၄ ၊ ခမရ ၉၊ ခလရ ၈ တို့မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့်  ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာနှင့် KNU  သထုံခရိုင်နယ်မြေထဲ ကျရောက်ပေါက်ကွဲမှုကြောင့် မေလ ၁၁ ရက်မှ ၁၉ ရက်နေ့အထိ အရပ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၂၀ ဦး ထက်မနည်းရှိခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts