Homeသတင်းဖမ်းဆီးခံထားရသည့် လူငယ်များ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခြင်းခံထားရ

ဖမ်းဆီးခံထားရသည့် လူငယ်များ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခြင်းခံထားရ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် စစ်ကောင်စီတပ်မှ ညဘက်တွင် အတင်းအဓမ္မဖမ်းဆီးထားသည့် လူငယ် ၅၀ ဝန်းကျင်ကို သံဖြူဇရပ်မြို့နယ်ဝဲကလိစစ်သင်တန်းကျောင်းသို့ ပို့ဆောင်ထားသည်ဟု မြို့ခံတို့မှတစ်ဆင့်သိရသည်။

ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းတွင် အတင်းဖမ်းဆီးထားပြီး ငွေကြေးနှင့်ပြန်မရွေးနိုင်သည့် သူများကို စစ်သင်တန်းကျောင်း ဒုတိယအသုတ်အတွက် စုဆောင်းထားပြီး  မေလ ၃ ရက်နေ့က ပို့ဆောင်ထားသည်ဟု သိရသည်။

ထပ်မံပို့ဆောင်ထားသည့် သူများတွင် အတင်းအဓမ္မဖမ်းဆီးခံရသူတို့အပါအဝင် စစ်မှုထမ်းရန်မဲပေါက်ထားသူတို့မှ အစားထိုးငှားရမ်းထားသည့်သူတို့ ပါဝင်သည်ဟု စစ်ကောင်စီအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ဒီအတိုင်းလမ်းမှာတွေ့ပြီးတော့ ခေါ်ယူစုဆောင်းထားသည့်လူတွေက အရေအတွက်များတယ်။ တစ်ချို့ ရပ်ကွက်တွေအတွက်က စစ်မှုထမ်းဖို့အတွက် လူငှားထားတာအဲ့တာတွေပါသွားတာရှိပါတယ်။ အဲ့အရေအတွက်က နည်းပါတယ်။  ” ဟုဆိုသည်။

အတင်းအဓမ္မဖမ်းဆီးထားပြီး သံဖြူဇရပ် ဝယ်ကလိတပ်ရင်းကို ပို့ဆောင်ထားသည့်သူတို့ကို မိဘနှင့်ဆက်သွယ်ခွင့်ပိတ်ထားပြီး စစ်ကောင်စီမှ အာမခံကြေး တစ်စုံတစ်ရာ မပေးဆောင်သည့်အပြင် ငြိမ်းခြောက်ပြောဆိုမှုတို့သည် ရှိနေသည်ဟု သိရသည်။

“တစ်ချို့ကျန်ခဲ့တဲ့ မိန်းမတွေ၊ မိဘတွေဆိုရင် မနေရဲနေတော့ဘူး။ ရွေ့ပြောင်း ကုန်ကြပြီး၊ ဘာထောက်ပံ့ကြေးမှသူတို့မရလိုက်ဘူး ” ဟုဆိုသည်။

မွန်ပြည်နယ်တွင် ဒုတိယအကြိမ်အဖြစ်ဖွင့်လှစ်မည့် စစ်မှုထမ်းသင်တန်းအတွက် သတ်မှတ်ထားသည့် လူဦးရေပြည်မှီခြင်းမရှိသေးသည့်အတွက် အကြောင်းအမျိုးမျိုးဖြင့် အဓမ္မစစ်သားအဖြစ် စုဆောင်းထးသည့်လူငယ်များကို အရင်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သံဖြူဇရပ်တပ်နယ်သို့ ပို့ဆောင်လိုက်သည့် လူငယ်များကို စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးအဖွဲ့မှ နှုတ်ဆက်ကာ ထောက်ပံ့ငွေများပို့ဆောင်ခဲ့သည်ဟု သိရသည်။

စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁) တွင် စစ်ကောင်စီမှ နိုင်ငံတစ်ဝှမ်း လူငယ် ၄၃၀၀ ကျော်ကို သင်တန်းကျောင်း ၁၅ ကျောင်းသို့ပို့ဆောင်ခဲ့သည်ဟု  ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့(BACS) ၏ ဧပြီလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။

 ၎င်းမှအနက် သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအခြေစိုက် တကက-၄ တပ်မတော်တန်းမြှင့်သင်တန်းကျောင်းတွင် စစ်မှုထမ်းအဖြစ် သင်တန်းသား ၂၀၀ ကျော်ရှိကြောင်းလည်း BACS ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts