Tuesday, March 10, 2026
More
    spot_img
    Homeသတင်းစစ်ရေးပြင်းထန်ခဲ့သည့် ၁ လတာအတွင်း မွန်- ကရင် ဂျိုင်းမြစ်ဒေသတစ်လျှောက် စစ်ဘေးရှောင်သူ သိန်းနှင့်ချီရှိလာ

    စစ်ရေးပြင်းထန်ခဲ့သည့် ၁ လတာအတွင်း မွန်- ကရင် ဂျိုင်းမြစ်ဒေသတစ်လျှောက် စစ်ဘေးရှောင်သူ သိန်းနှင့်ချီရှိလာ

    -

    မွန်-ကရင် ဂျိုင်းမြစ်ဒေသတစ်လျှောက် စစ်ရေးပြင်ထန်ခဲ့သည့် ၁ လတာအတွင်း စစ်ဘေးရှောင်သူဦးရေ တစ်သိန်းကျော်အထိ ရှိလာသည်ဟု ကျိုက်မရောစစ်ဘေးရှောင်အရေး ကူညီနေသူတို့၏ စာရင်းအချက်အလက်အရ သိရသည်။

    စစ်ဘေးရှောင်သူတို့သည် ကျိုက်မရောမြို့နယ်မှ ဓမ္မသရွာ၊သံကလောင်၊ တရနာ၊ ကော့ဇွဲ၊ ကော့သပ်ကျေးရွာတို့အပြင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ ကော့ဘိန်း၊ကော့ပေါက်ရွာတို့ပါဝင်ပြီး အရေအတွက်အားဖြင့် ၁ သိန်းကျော်ရှိနေသည်ဟု သိရသည်။

    အဆိုပါဒေသအတွင်း စစ်ကောင်စီတပ်မှ ကြည်း၊ရေ၊လေ စစ်ကြောင်းအသုံးပြုကာ နေ့စဉ်ပစ်ခတ်နေခြင်းကြောင့် စစ်ရှောင်သူဦးရေ တိုးလာနေသည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီမှ စစ်ဘေးရှောင်အရေး ကူညီနေသူ မိသုတဂျော်က ဆိုသည်။

    "ဆက်ပြီးလောင်နေတာ ပစ်နေတာဆိုတော့ လူတွေကတိုးတိုးလာနေတာ သိန်းချီထိဖြစ်လာပြီး၊ နေရာအတည်တကျလည်းမရှိနေဘူး ကိုယ်ဟာနဲ့လွတ်တဲ့နေရာမှာ သွားနေနေရတော့မြို့ပေါ်မှာရော ဆွေမျိုးသားချင်းအိမ်မှာရောပျံ့နေတယ်ပေါ့၊ လူတွေသိန်းချီဒုက္ခတွေနဲ့ကြုံနေရတာတောင် လွတ်လွတ်လပ်လပ်ကူညီပိုင်ခွင့်မရှိဘူး၊ လက်နက်တွေကြားမှာ လုပ်ပေးနေရတယ်” ဟု သူက ဆိုသည်။

    ၁ လတာအတွင်း ပစ်ခတ်နေမှုကြောင့် အဆိုပါဒေသတစ်လျှောက် နေအိမ် ၅၀၀ ဝန်းကျင်ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရသူအပါအဝင် သေဆုံးသူ ၂၀ ကျော်ရှိသည်ဟု ၎င်းစာရင်းအချက်အလက်အရ သိရသည်။

    စစ်ဘေးရှောင်နေသူတို့၏ ၇၀ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးနှင့် ကလေးသူငယ်တို့ဖြစ်ပြီး ပြည်သူတို့ကို အကြမ်းဖက်ဆန်ဆန် ဖမ်းဆီးသတ်ဖြတ်နေခြင်း၊ နေအိမ်မီးလောင်ခံရခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေကြောင်း မိသုဂျော်က ဆက်ပြောသည်။

    “ နှစ်ဆယ်နဲ့ချီ ကြိုးစားရှာထားတဲ့ ပစ္စည်းဥစ္စာတွေ မျက်စိရှေ့မှာတင် တဖြည်းဖြည်း ဆုံးရှုံးပျက်စီးလာနေတာ။ မျက်စိရှေ့မှာတင် ပစ်သတ်ခံနေရာတာ၊ ဒါတွေက သဘာဝမဟုတ်ဘူး၊ သူတို့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့သလို စိတ်ကို ချိုးဖောက်ခံထားရတော့ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေပေါ့"ဟု ပြောသည်။

    အဆိုပါ မွန် ကရင်အစပ် ဂျိုင်းမြစ်တစ်လျှောက်ရှိ ကျေးရွာတို့တွင် အသက်အလတ်ပိုင်း အမျိုးသားအနည်းငယ်သာ ရှိပြီး လူမနေထိုင်သည့် နေအိမ်နှင့် ဘုန်းကြီးကျောင်းတို့တွင် ဖောက်ထွင်းခံရကာ ငွေသားအပြင် ဆိုင်ကယ်နှင့် အခြားတန်ဖိုးကြီးပစ္စည်းတို့ကို ယူဆောင်လျှက်ရှိသည်ဟု သိရသည်။

    ထို့အပြင် ယခင်စစ်မျက်နှာပြင်ဖြစ်ခဲ့သည့် ဓမ္မသတ်ရွာနှင့် ကော့ဗိန်းရွာတို့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယခုရက်ပိုင်းအတွင်း ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး စစ်ကောင်စီတပ်မှ နယ်မြေရှင်းလင်းရေး အကြောင်းပြုပြီး ယနေ့ဧပြီ ၂၆ ရက်နေ့တွင် ဝင်ရောက်လှုပ်ရှားလျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks